Wednesday, December 11, 2013

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား နေပြည်တော်တွင် ကျင်းပ



AA-12-12
ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ်မြင်ကွင်း (ဓာတ်ပုံ- ညီညီစိုးညွန့်)
နှစ်ပေါင်း ၄၄ နှစ်အကြာတွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
X-12-12
ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်တင်ဆက်နေသည့် လူငယ်မောင်မယ်များ (ဓာတ်ပုံ -  အောင်ဇော်ထွန်း)
ဖွင့်ပွဲအခမ်းအနား ကျင်းပမည့် နံနက်ပိုင်းတွင် ဆီးဂိမ်းစ်မီးရှူးတိုင်ကို ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏမှ ပါရမီ လမ်းဆုံအထိ၊ နေပြည်တော် မြို့တော်ခန်းမမှ ၀ဏ္ဏသိဒ္ဓိ ဘောလုံးကွင်းအထိ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် ကစားသမားဟောင်း ၇၀ ကျော်က လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြသည်။ ညနေ ၆ နာရီတွင် ဖွင့်ပွဲအခမ်းအနားကို လူအင်အား ၉၀၀၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့ပြီး ဖျော်ဖြေရေး အစီအစဉ်များ၊ တေးသရုပ်ဖော် အစီအစဉ်များလည်း ပါဝင်ခဲ့သည်။ ယင်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး၊ ဒုတိယသမ္မတနှင့် ဦးဥာဏ်ထွန်း၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒေသတွင်းနိုင်ငံများမှ တာဝန်ရှိသူများလည်း တက်ရောက်အားပေး ခဲ့ကြသည်။ အခမ်းအနား မစတင်မီ ဖျော်ဖြေရေး အစီအစဉ်တွင် နိုင်ငံကျော် တေးသံရှင်များဖြစ်သည့် မြန်မာပြည်သိန်းတန်၊ ဇော်ဝင်းထွဋ်၊ ဖြိုးကြီး+ယုဇန၊ ထူးအယ်လင်း+ဆုန်သင်းပါရ်၊ စောခူဆဲ၊ ဖြူဖြူကျော်သိန်း၊ မေခလာတို့က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး လက်ရွေးစင် ကစားသမားဟောင်းများ သယ်ဆောင်လာသည့် မီးရှူးတိုင်ကို မြားပစ်ထွန်းညှိကာ ဖွင့်လှစ်ခဲ့သည်။
Y-12-12
မြန်မာ့စောင်း၊ မြန်မာ့ဆိုင်းဝိုင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်နေစဉ် (Photo:AFP)
ထို့နောက် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများနှင့် တာဝန်ရှိသူများက ပရိသတ်များကို နှုတ်ဆက်ပြီး မြန်မာအားကစား အဖွဲ့၏ အလံကို ပိုက်ကျော်ခြင်း ကစားသမား အောင်ချိုမြင့်က ကိုင်ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းနောက် "အမျိုးသား အမွေအနှစ် မဟာပုဂံ"၊ "ပွဲဦး အလင်္ကာ"၊ "ရွှေနိုင်ငံက ကြိုနေမယ်"၊ "သွေးချင်းတို့ဌာနေ မြန်မာပြည်"၊ "အနာဂတ် ကမ္ဘာမြေ"၊ "တို့မြန်မာ့ခြင်းလုံး"၊ "ပြည်ထောင်စုကြီးတို့ရဲ့ မြန်မာ" စသည့် တေးသရုပ်ဖော်ပြကွက်များကို ထူးခြားသော အပြင်အဆင်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သလို ခေတ်ပေါ်တေးသီချင်းများဖြင့်လည်း ဆက်လက်တင်ဆက်ခဲ့ကြောင်း သိရသည်။ စုစုပေါင်း အခမ်းအနား ကျင်းပချိန် သုံးနာရီကျော် ကြာမြင့်ခဲ့သည်။
Z-12-12
ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း ဖွင့်ပွဲအခမ်းအနားတွင် မီးရှူးမီးပန်းများဖောက်၍ ဖွင့်လှစ်နေသည်ကို ကွင်းပြင်ပမှ တွေ့ရစဉ် (ဓာတ်ပုံ -  သက်ထွန်းအောင်)
W-12-12
ဒေသတွင်းနိုင်ငံများ၏ အလံများနှင့် ဖျော်ဖြေတင်ဆက်နေစဉ် (ဓာတ်ပုံ - စိုးညွန့်)

Eleven Media Group

No comments:

Post a Comment