တိဗက်မှာ လူသေတွေကို မြေမြှပ်မသဂြိုဟ်ဘူးတဲ့ သူတို့နည်းကြီးက ကြောက်ဖို့ကောင်းတယ်
ကောင်းတဲ့ဘက်ကကြည့်ရင်တော့ သင်္ချိုင်းမြေမလိုတော့ဘူးပေါ့
မီးနဲ့လည်း မသဂြိုဟ်ရတော့ အကုန်လည်းသက်သာတယ် ငွေကုန်လူပန်း သက်သာတာပေါ့
ကုသိုလ်လည်းရတယ်၊ သတ္တ၀ါတွေအစာကျွေးရလို့လေ
ဒါပေမယ့် ဘယ်လိုပဲဖြည့်တွေးတွေး ကြက်သီးထစရာကြီး..။

လူသေကို ဒီလိုမျိုးလေး မှောက်ခုံချလိုက်တယ်။

ပြီးတော့ ဓါးလေးနဲ့ တစ်ကိုယ်လုံးကို ပါးပါးမွှန်းတယ်။

ပြီးတော့… ယခုလို ငှက်တွေကို ကျွေးလိုက်တယ်။ လဒတွေပေါ့ဗျာ။

လဒတွေကလည်း ပျော်တာပေါ့ဗျာ။ အလွတ်လာကျွေးတာကိုး။
အဲဒီလိုနဲ့ ၀ိုင်းကြိတ်လိုက်တဲ့ နောက်ပိုင်းမှာတော့…လူက အရိုးနဲ့ အသားစ အနည်းငယ်ပဲ ကျန်ပါတော့တယ်။

သုဘရာဇာကြီးကတော့ ထိုင်ကြည့်နေတာပေါ့ဗျာ။ အရိုးကျမှ သူ့အလုပ်ကို သူဆက်လုပ်ရမှာကိုးဗျ။

တွေ့တယ်ဟုတ်။ လဒတွေ ဘယ်လိုစားလိုက်လဲဆိုတာ။ အရိုးပဲ ကျန်တယ်။
အဲဒါကြောင့် လားရှိုးသိန်းအောင်က ဒီလိုဆိုသွားတာ…
“ဆင်သေကောင်နားနားမှာ တစ်ဝဲလည်လည်” ဆိုတာ ဒီကောင်တွေကို ပြောတာ ။
အဲဒီတိဘက်တောင်းတန်းတွေဘက်မှာက ဗိုက်ဆာနေတဲ့ လဒအုပ်နဲ့တိုးရင်
ဆင်တောင် မခံနိုင်ဘူးဗျို့ ။ အဟုတ်။

အရိုးပဲ
ကျန်ပြီဆို။ သုဘရာဇာကရဲ့ အလုပ်က ပြန်စပြီ။ သေဆုံးသူရဲ
့ဆွေမျိုးသားချင်းတွေကို အရိုးပြာအိုးလုပ်ဖို့ အတွတ်၊
အရိုးသီးသန့်ပေးရပြီလေ။
တစ်ချို့တွေက ရေမျောသင့်တန်မျောတယ်။ အိုးလေးထဲထည့်ပြီးတော့ပေါ့။ တစ်ချို့ကျတော့လည်း အရိုးတွေကို ထုထောင်းပြီး အိုးထဲထည့်ပြီး ကိုးကွယ်တယ်။
ပိုလျှံတဲ့ အသားစတွေကိုလည်း မြေမြုပ်သင့်တန် မြေမြုပ်ပေါ့ဗျာ။ ၀န်ပေါ့သွားတာပေါ့။

အဲဒီ တစ်ခုသော ဗုဒ္ဓဘာသာ တိဖက် အနွယ်ဖွားတွေက သစ်ပင်ရှားတဲ့ ကုန်းမြင့်ပိုင်းမှာနေကြပါတယ် ။
သူတို့ ဆီမှာ လူသေရင် အယူအရ မြေမြှုပ်တဲ့အလေ့မရှိဘူး မီးရှို့ဖို့က ကျတော့လည်း ထင်း က ရှားပါးလို့ ဒီလို ငှက်တွေ လင်းတတွေကို ကျွေးတဲ့ အလေ့ ဖြစ်လာတယ်လို့ ဆိုပါတယ် ။
မိမိ အိမ်မှာ လူသေပြီဆိုတာနဲ့ အဲဒီ လူသေရုပ်လောင်းကို အိပ်ယာခင်းစ အ၀တ်တွေနဲ့ ကျပ်ထုတ်နေအောင် ကြိုးနဲ့ အထပ်ထပ်စည်းရတယ် ။
အသုဘချမည့်နေ့ကြမှ အဲဒီ အလောင်းကို သား သမီးဖြစ်သူက ပလိုင်းများ လွယ်သလို ခေါင်းမှာ ကြိုးတစ်စ တင်ပြီး အလောင်းကို မြှုပ်မည့်နေရာ သယ်သွားရတယ် ။ ငှက်တွေကတော့ အစာစား ရတော့မယ် ဆိုတာ သိလို့ အနားမှာ ရစ်သီရစ်သီ ဖြစ်နေကြပြီပေါ့ ။ အသုဘ အခန်းအနားမှာ ဘုန်းကြီးတွေ တရားဆို ဘာညာ လုပ်ပြီးပြီဆိုမှ ဆွေမျိုးသားချင်းရော လာပို့သူ လူတွေရော အားလုံး မပြန်မနေရ ပြန်ကြတယ် ။ အဲဒီတော့မှ အဲဒီ ရွာမှာ ရှိတဲ့ တစ်ဦးတည်းသော ဗုဒ္ဓဘာသာ ၀င် မဟုတ်သူက အဲဒီ အလောင်းကို ဖြည်ပြီး တစ်စစီ ခုတ်ထွင်ပြီး ငှက်တွေကို ကျွေးတယ် .. ငှက်တွေကလည်း အရိုးတောင် မကျန်အောင် စားကြပါတယ် ။
သူတို့ လူမျိုးတွေက အဲလို လူ့ကိုယ်ခန္ဒာကို ငှက်တွေ ကျွေးတာ ကမ္ဘာမြေကိုလည်း ကျေးဇူးဆပ်ရာ ကြတယ်လို့ ယုံကြည့်ကြပါတယ် တဲ့ ။အဲဒါကို သူတို့က ကောင်းကင် သဂြုင်္ိလ်ခြင်း သို့မဟုတ် Sky Burial လို့ ခေါ်ကြပါတယ် တဲ့ ။

chitthueainkalay

No comments:
Post a Comment