နွေရာသီရောက်ပြီဆိုတော့ အပြင်သွားတိုင်း ယူသွားသင့်တဲ့ အရာတွေထဲမှာ
မျက်မှန်တို့၊ ဦးထုပ်တို့ပါနေပြီပေါ့။ ဟိုနားဒီနားသွားတဲ့အခါ
ထီးဆောင်းရမှာ ပျင်းတဲ့ပျိုမေတွေအတွက် baseball Cap ဦးထုပ်လေးတွေ ရွေးချယ်
ပေးလိုက်ပါတယ်။ သယ်ဆောင်ရတာလည်း လွယ်ကူ၊ အထာလည်းကျတာမို့ အမိုက်စား
ဦးထုပ်ဒီဇိုင်းလေးတွေ ဖော်ပြပေးလိုက်တယ်နော်။
၁။Printed Baseball Cap

အပွင့်အရွက်လေးတွေ၊
ဒါမှမဟုတ် တစ်ခြားဒီဇိုင်းပေါင်းများစွာနဲ့ တွေ့နိုင်တဲ့ ဦးထုပ်လေးတွေကို
ကိုယ့်စိတ်ကြိုက် ဖက်ရှင်နဲ့ တွဲကြည့်လိုက်ပါ။ မိန်းကလေးပဲဆန်ဆန်၊
ယောင်္ကျားလေးဒီဇိုင်းဘက်ပဲ ရောက်ရောက် ကြည့်ကောင်းနေမှာပါပဲ။
၂။ Sporty Baseball Cap
ရိုးရှင်းပေမယ့်
အထာကျလွန်းတဲ့ ဦးထုပ်ဒီဇိုင်းပါ။ ကိုယ်ဝတ်မယ့် ဒီဇိုင်းက တီရှပ် ၊
ဂျင်းဘောင်းဘီတွေသာဆိုရင်တော့ ဦးထုပ်နဲ့ကွက်တိပါပဲ။
၃။Solid-Color Baseball Cap

ဘာဒီဇိုင်းမှမပါတဲ့၊
ဘာlogo မှ မပါတဲ့ ဗြောင်ဦးထုပ်တွေ ဆောင်းမယ်ဆိုရင်တော့ အောက်က
ကိုယ်ဝတ်မယ့် ဖက်ရှင်ကို အမိုက်စား ၀တ်ဆင်ဖို့လိုပြီပေါ့။ ပုံမှာပြထားသလို
ဦးထုပ် နောက်ပြန်ဆောင်းတာကလည်း နောက်ဆုံးပေါ်မို့ ဆောင်းကြည့်လိုက်ပါဦး။
၎။Cheeky & Logoed Baseball Cap

Baseball
ဦးထုပ်မှာမှ Logoတွေ၊ စာလုံး ဒါမှမဟုတ် ကာတွန်းတွေနဲ့ ဒီဇိုင်းထုတ်ထားတဲ့
ဦးထုပ်တွေကလည်း ၀ယ်ထားသင့်တဲ့ အရာတွေထဲမှာ ပါဝင်နေပါတယ်။
Trend Myanmar.
No comments:
Post a Comment