
ဒီတစ်ပါတ် အားလပ်ရက်အတွက်တော့ jumpsuit တွေလို အပေါ်အောက်တဆက်လည်း ၀တ်စုံတွေက ပျိုမေတွေစိတ်ကြိုက်ဖြစ်စေမယ့် ဖက်ရှင်ပါပဲ။

ပြီးပြည့်စုံတဲ့ Outfit အတွက်ကတော့ လယ်သာဂျက်ကက်အနက် ၊ ဒေါက်ဖိနပ်အမြင့် အနက်နဲ့ သားရေအိတ်အနက်တွေကို တွဲဖက်ဝတ်ဆင်ထားတဲ့ သူမသွင်ကိုမြင်နိုင်ပါတယ်။
အကြံပေးလိုတာက jumpsuit ကို ဂျက်ကက်နဲ့ အရောင်လိုက်ဖက်ဖို့ သတိထားပါ။ ဖိနပ်ကိုတော့ ကျောပိုးအိတ်နဲ့ အရောင်တူဖို့ လိုပါတယ်။ ဒါသာ jumpsuitရဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။
နေ့လည်ဘက် ရာသီဥတု ပူလာတဲ့အခါမှာတော့ ဂျက်ကက်တစ်လွှာကို ဖယ်လိုက်လို့ရပါတယ်။ ဒီအခါမှာ လွယ်အိတ်နဲ့ ဖိနပ်အရောင်တူနေမှသာ ကြည့်ကောင်းမှာပါ။ Selena လို ဒေါက်ဖိနပ်မကြိုက်ဖူး ဆိုရင်တော့ oxford ဘွတ်ဖိနပ်တွေ၊ ခြေကျင်းဝတ်လောက်ရှည်တဲ့ ဘွတ်ဖိနပ်တွေနဲ့ တွဲဝတ်လို့ရပါတယ်။
Ref:seventenn.com
Trend Myanmar
No comments:
Post a Comment