Friday, March 28, 2014

Scarf အပါးလေးတွေကို ဖက်ရှင်ကျအောင် ဘယ်လိုဆင်မြန်းမလဲ



Scarf လို့ပြောလိုက်ရင် တော်တော်များများက ဒီလောက်ပူအိုက်နေတာ Scarf ကြီးပတ်ပြီး ဘာလုပ်မှာလဲလို့ မေးစရာရှိပါတယ်။ ခုပြောမှာက လည်ပင်းမှာ အလှပတ်တဲ့ Scarf အပါးလေးတွေ အကြောင်းပါ။ ဖက်ရှင်ကျဖို့ တစ်ထောင့်တစ်နေရာက ပံ့ပိုးပေးနိုင်တဲ့ Scarf တွေကို ဘယ်လိုဝတ်ဆင်ရမယ်၊ ဘာနဲ့ တွဲဝတ်သင့်တယ် ဆိုတာကို ခုလို ပြောပြပေးလိုက်ပါတယ်။

၁။တစ်ခါတစ်လေ ကိုယ်ဝတ်မယ့်အင်္ကျံကာလာနဲ့ Scarf ကာလာကို တူညီအောင် ရွေးချယ်ပြီး ဒီဇိုင်းကိုတော့ မတူညီတာမျိုးရှာပါ။ ဥပမာ အင်္ကျံက အဖြူ၊ အနက်စင်းဆိုရင် Scarf ကို အဖြူ၊အနက် အကွက်လေးတွေ စသဖြင့် ၀တ်လိုက်ရင် သိသိသာသာ ကွဲထွက်နေပေမယ့် လိုက်ဖက်အထာကျနေမယ့် ဒီဇိုင်းမျိုးပေါ့။ အဓိကအချက်က ၀တ်မယ့်အင်္ကျံနဲ့ ကာလာတူနေဖို့ပါပဲ။
၂။မိန်းကလေးဆန်ဆန် granny စတိုင်လ် scarf ကိုဆင်မြန်းတာမျိုးကလည်း အထာကျတာပါပဲ။ ဒီလိုဝတ်လိုက်လို့ အသက်ကြီးသွားတဲ့ပုံမျိုးဖြစ်သွားမှာ မစိုးရိမ်ပါနဲ့။ အောက်က တွဲဝတ်မယ့် ဂျင်းဘောင်းဘီ၊ boot တွေနဲ့ ပြန်ထိန်းလိုက်ရင် အားလုံးအိုကေသွားပါလိမ့်မယ်။ ဒီလိုစတိုင်လ်မျိုး scarf ကို ဆင်မြန်းမယ်ဆိုရင် တစ်ခြားဖက်ရှင်ကိုပါ အထာကျအောင် စဉ်းစားပါ။
၃။ခေါင်းမှာ Headband အနေနဲ့ အလှဆင်လို့လည်း ရပါသေးတယ်။ Scarf အရောင်စုံဝယ်ထားပြီး ၀တ်မယ့်အ၀တ်အစားနဲ့ လိုက်ဖက်မယ့် Headband လေးတွေနဲ့ ဖက်ရှင်ကျွေးလို့ရတယ်နော်။
၎။ဖိနပ်အရောင်နဲ့လိုက်ဖက်တဲ့ Scarf တွေ စုထားပြီး ဘောင်းဘီအိပ်ကပ်မှာလည်း အလှထည့်ထားလို့ရပါသေးတယ်။
၅။Student Coat လိုမျိုး၊ Letterman ဂျက်ကတ်တွေနဲ့လည်း Scarf တွေ တွဲဖက်ဆင်မြန်းနိုင်လို့ ရပါတယ်။
Ref:luckymag.com
Trend Myanmar

No comments:

Post a Comment