Thursday, May 29, 2014

ဆွဲဆောင်မှု ပြင်းပြကြောင်း လှစ်ဟပြလိုက်သည့် ကင်မ်ဘာလေဂါနာ


ဒီဇိုင်နာ တစ်ဦးအဖြစ်လည်း ရပ်တည်နေသည့် အင်္ဂလိပ် Celibrityသည် ကိန်းစ်ရုပ်ရှင်ပွဲတော်သို့ တက်ရောက်နေစဉ် အတောအတွင်း ကာလ်တန်ကမ်းခြေ၌ ရေကူးဝတ်စုံဖြင့် ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့
TVအစီအစဉ်မှူး တစ်ဦးသာ ဖြစ်သော်လည်း သူမအနေဖြင့် မော်ဒယ်လ်တစ်ဦးကဲ့သို့ ဆွဲဆောင်မှု ပြင်းပြကြောင်း ကင်မ်ဘာလေ ဂါနာက လက်တွေ့ ပြသခဲ့သည်။ ဒီဇိုင်နာ တစ်ဦးအဖြစ်လည်း ရပ်တည်နေသည့် အင်္ဂလိပ် Celibrityသည် ကိန်းစ်ရုပ်ရှင်ပွဲတော်သို့ တက်ရောက်နေစဉ် အတောအတွင်း ကာလ်တန်ကမ်းခြေ၌ ရေကူးဝတ်စုံဖြင့် ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံနေသည်ကို တွေ့ရသည်။ကင်မ်ဘာလေသည် သူမ၏ စိတ်ကြိုက် Collectionထဲမှ အနီရောင် ရေကူးဝတ်စုံ တစ်ထည်ကို ကောင်းဘွိုင်ဦးထုပ် တစ်လုံးနှင့် တွဲဖက်ဝတ်ဆင်ကာ ကိုယ်ဟန်ပြနေခြင်း ဖြစ်သည်။ မော်တော် ဆိပ်ခံဘောတံတားပေါ်တွင် လမ်းလျှောက်လာစဉ် သူမ၏ ဆံနွယ်များကို လေတိုက်ခတ်ပြီး လွင့်ပါနေသော ဓာတ်ပုံတစ်ပုံကို ကင်မ်ဘာလေက Twitterတွင် လွှင့်တင်ခဲ့သေးသည်။ အသက်(၂၄)နှစ်ရှိ ကင်မ်ဘာလေသည် Reality TV Show တစ်ခုဖြစ်သည့် Made In Chelseaတွင် ပါဝင်ခဲ့သည့်နောက် လူသိများလာခဲ့သည်။

သူမသည် နောက်ပိုင်းတွင် ရေကူးဝတ်စုံ ဖက်ရှင်ဒီဇိုင်နာ တစ်ဦးအနေဖြင့်ရော၊ သရုပ်ဆောင် အဖြစ်ပါ ရပ်တည်လာခဲ့သည်။ ကင်မ်ဘာလေသည် ပြီးခဲ့သည့် လပိုင်းက သူမ၏ ရေကူးဝတ်စုံ Collectionသစ်အတွက် အမေရိကန်သို့ သွားရောက်ကာ မိတ်ဆက်ခဲ့သေးသည်။ ထို့နောက်ပိုင်းတွင် လန်ဒန်သို့ ပြန်လာခဲ့ပြီး ထိုမှတစ်ဆင့် ကိန်းစ်ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ရန်အတွက် ပြင်သစ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။






- More photos
Planet Myanmar Network

No comments:

Post a Comment