ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်က သုဝဏ္ဏ ဝန်ထမ်း အိမ်ယာတွေကို အိုးအိမ်ဦးစီးဌာနက အိမ်လခတွေတိုးမြှင့် ကောက်ခံမယ့် ကိစ္စကို ဆိုင်းငံ့ဖြေရှင်းပေးဖို့ နိုင်ငံတော်သမ္မတဆီ လက်မှတ်ရေးထိုး တင်ပြ သွားမယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောကြားလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီပါတီသစ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သင်္ကန်းကျွန်းမြို့ခံတွေ ဒီနေ့ တွေ့ဆုံစဉ် ဝန်ထမ်းအိမ်ယာ လခ တိုးမြှင့်ကောက်ခံမယ့် ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ မြို့ခံတွေက အကူအညီတောင်းခဲ့ကြောင်းနဲ့ သူ့အနေနဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အခြေအနေကို လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က အခုလိုပြောပါတယ်။
" သုဝဏ္ဏ ၂၄၊၂၅၊၂၉ ရပ်ကွက် လူထုရဲ့ဆန္ဒအတိုင်း အိမ်ခန်းငှားခနှုန်းထား အသစ်ပြင်ဆင်တောင်းခံမှုကို သဘောမတူဘူးကန့်ကွက်တယ်ဆိုတဲ့ အချက်ရယ် အခု သူတို့လက်ရှိနေထိုင်နေတဲ့ လုပ်အားပေးပြီးတော့ပဲ ရတဲ့ အခန်း တရားဝင်အသိအမှတ်ပြုပေးဖို့ သူတို့ဆန္ဒအတိုင်း လွှတ်တော်နဲ့ ဝန်ကြီးကိုတင်ပြမယ်၊ပါတီဥက္ကဌတွေနဲ့ နိုင်ငံတော်သမ္မတကြီးကို တင်ပြမယ် ၊အဲ့ဒီတင်ပြတဲ့ ရလဒ်ပေါ်မှာမူတည်ပြီးတော့ သုဝဏ္ဏလူထုရဲ့ဆန္ဒအတိုင်း လွှတ်တော်ကိုယ်စားလှယ်တွေက ရပ်တည်ပြီးတော့ ဆောင်ရွက်ပေး သွားမယ်"
အဲ့ဒီသုဝဏ္ဏဝန်ထမ်းအိမ်ယာတွေကို ၁၉၆၆ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ တာဖြစ်ပြီး ၁၉၇ဝ ခုနှစ်မှာ အစိုးရဝန်ထမ်းတွေကို အိမ်ခန်းငှားခ ၂၇ ကျပ်နဲ့ ငှားရမ်းခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အိုးအိမ်ဦးစီးဌာနက အစိုးရဝန်ထမ်းအိမ်ယာတွေက အခန်းခတွေကို ကျပ် လေးထောင်ကနေ ငါးထောင်အထိ တိုးမြှင့်ကောက်ခံမယ်လို့ စာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
RFA
No comments:
Post a Comment