Wednesday, May 28, 2014

ဗန်းမောက်မြို့နယ် နောင်ကွတ်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး လူ ၁၅၈ ဦး အိုးမဲ့အိမ်မဲ့ဖြစ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင်အဘွားအိုနှင့် ကလေးငယ်တစ်ဦးနေထိုင်နေ
သည့်အိမ်မှ မီးစတင် လောင်ကျွမ်းရာ လူနေအိမ်၂၂ လုံး မီးထဲပါသွားပြီး ဒေသခံ ၁၅၈ဦး
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဗန်းမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။မေလ ၂၅ ရက် နံနက်က ဗန်းမောက်မြို့နယ်၊ နောင်ကန် အုပ်စု၊ နောင်ကွတ်ကျေးရွာတွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး အသက် (၈၃) နှစ်အရွယ် အဘွားအိုနှင့်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ နေထိုင်သည့်အိမ်မှ စတင်လောင်ကျွမ်းခြင်းဖြစ် ကြောင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးပြည့်ဖြိုးငြိမ်းကပြောသည်။

‘‘ညဘက်မှာ မီးဖိုသုံးပြီး မငြှိမ်းမိဘဲ အိပ်ကြတာ။ အဘွား အိုကြီးနဲ့ ကလေးနှစ်ယောက်ပဲရှိ တော့ ပိုဆိုးသွားတာပေါ့။ ရာသီဥ တုကလည်း ပူနေတော့ အနားက အိမ်တွေကို လွယ်လွယ်ကူကူပဲ မီးကူးသွားတာ’’ဟု ဦးပြည့်ဖြိုး ငြိမ်းကပြောသည်။

မီးလောင်မှုဖြစ်စဉ်များတွင် ပေါ့ဆမီးကြောင့် အများဆုံးဖြစ် ပြီး နောင်ကွတ်ကျေးရွာမီးလောင် ဆုံးရှုံးမှုမှာ ကျပ်သိန်း ငါးဆယ် ကြောင်း ဗန်းမောက်မြို့နယ် မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ မီးဘေးသင့်သူများအား ကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်ပေးထားကြောင်း သတင်းရရှိသည်။

မီးစတင်လောင်သည့်အိမ်မှ အဘွားအိုနှင့် ကလေးငယ်ကို အနီးပတ်ဝန်းကျင်ရှိ ရွာသားများက ကယ်ထုတ်ခဲ့ရပြီး ဒဏ်ရာရသူတစ်ဦးမျှမရရှိခဲ့ကြောင်း မြို့နယ်ထွေအုပ်ရုံးမှ စာရေးကြီးက ပြောသည်။

7 Day newsDaily

No comments:

Post a Comment