Friday, May 2, 2014

ကစားသမားဘဝ အနာဂတ် မဆုံးဖြတ်ရသေးဟု မန်ယူ ယာယီနည်းပြ ရိုင်ယန်ဂစ်ဆို


မန်ယူအသင်းရှိ မိမိ၏ အနာဂတ်မှာ မသေချာသေးဘဲ ကစားသမားဘ၀မှ အနားယူရန်ကိုလည်း ချိန်ဆနေကြောင်း အသင်း၏ ယာယီနည်းပြ ရွိုင်ယန်ဂစ်က ပြောကြား လိုက်သည်။


မိုယက်စ်ထွက်ခွာသွားပြီးနောက် နည်းပြအဖြစ် တာဝန်ယူထားသော်လည်း လာမည့်ရာသီတွင် ဟော်လန်နည်းပြ ဗန်ဂါလ်အား ခေါ်ယူရန် မန်ယူအသင်းက စီစဉ်ထားသည်။ ဗန်ဂေါလ်ကလည်း မန်ယူအသင်း၏ နည်းပြအဖွဲ့အား ပြင်ဆင်ပြောင်းလဲချင်သည်ဟု သတင်းများ ထွက်ပေါ်လာခဲပြီးနောက် ဂစ်၏ အခန်းကဏ္ဍမှာ မရေမရာဖြစ်လာခဲ့သည်။
ဂစ်ကမူ မိမိ၏ အနာဂတ်အား ရာသီအကုန်တွင် ဆုံးဖြတ် သွားမည်ဟု ပြောကြားခဲ့သည်။
“ဘာမှ မပြောင်းလဲပါဘူး။ ရာသီကုန်တဲ့အထိ ကျွန်တော် ဆက်ရှိနေမှာပါ။ နောက်ဆုံးပွဲစဉ်တွေ အပေါ်မှာ ကျွန်တော် အာရုံစိုက်ထားပါတယ်။ ဘောလုံး ဆက်ကစားရမလား၊ မကစားရဘူးလားဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် အများကြီး စဉ်းစားထားပါတယ်။ ရာသီကုန်ရင် ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့” ဟု ဂစ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် ယခုတစ်ပတ် ဆန်းဒါးလန်းနှင့် ကစားမည့်ပွဲတွင် ရူနီ ပါဝင်နိုင်မည်မဟုတ်ဘဲ ဗန်ပါစီမှာ ဒဏ်ရာမှ သက်သာနေပြီး ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ စနေနေ့ပွဲတွင် ပါဝင်နိုင်ခြင်း ရှိမရှိကိုမူ ပြော၍မရသေးကြောင်း ဂစ်က ထပ်လောင်းပြောကြားခဲ့သည်။
M-Media

No comments:

Post a Comment