
အမျိုးသားအဆိုတော် ဘ၀ကနေ မုတ်ဆိတ်မွှေးတွေနဲ့ အဆိုကျော်မလေး အဖြစ်ကိုပြောင်းပြီး Eurovision ဆုကို ရသွားခဲ့သူ Conchita Wurstဟာ ကမ္ဘာကျော်စူပါစတား ဖြစ်လာပါတယ်။ Eurovision ဆိုတာကတော့ နှစ်စဉ်ကျင်းပတဲ့ ဥရောပသီချင်းဆိုပြိုင်ပွဲပါ။

ကမ္ဘာအနှံ့က ပရိသတ်ပေါင်း သန်း ၁၇၀ခန့်ဟာ သြစတြေးလျသူလေး Conchita Wurstရဲ့ အောင်ပန်းဆွတ်ခူးမှုကို စောင့်ကြည့်နေခဲ့ကြပါတယ်။ Copenhagen မြို့မှာ Rise Like a Phoenix ကို သူမရဲ့ ဖျော်ဖြေတင်ဆက်မှုအတွက် မယုံနိုင်လောက်တဲ့ ရမှတ် ၂၉၀ ချီးမြှင့်ခဲ့ပါတယ်။ မီးခိုးတွေထူထပ်နေတဲ့ Conchita Wurstဟာ သီချင်းကို အင်တိုက်အားတိုက် မဖျော်ဖြေခင် မီးခိုးတွေပြည့်နှက်နေတဲ့ နောက်ခံပေါ်မှာ သူမရဲ့ မုတ်ဆိတ်အပြည့်၊ ရွှေရောင်အဆင်းနဲ့ ရွှေငါးလေးကို ကူးလူးဖျော်ဖြေနေခဲ့ပုံကို တွေ့မြင်ခဲ့ကြရပါတယ်။
Conchita Wurstဟာ အရင်က ‘Jetzt Anders’ အမျိုးသားတေးဂီတအဖွဲ့က မုတ်ဆိတ်မရှိတဲ့ အဆိုတော် တစ်ယောက်ပါ။

သူဟာ မိသားစုနေအိမ်က ကလေးတုန်းက အမျိုးသမီးဝတ်စုံတွေကို တိတ်တဆိတ်ဝတ် လေ့ရှိခဲ့ပါတယ်။

Starmania ရုပ်မြင်သံကြားအစီအစဉ်နဲ့ ကျော်ကြားလာသူ တစ်ယောက်ပါ။ ဒါပေမဲ့ မုတ်ဆိတ်တွေနဲ့မိန်းမလှလေး အဖြစ် နေထိုင်မှုကိုတော့ တရစပ်ထိုးနှက်တိုက်ခိုက် ခံခဲ့ရပါတယ်။ Eurovision ဂုဏ်ကျက်သရေ လွှမ်းမိုးခံရသူ အမျိုးသမီးဖြစ်တဲ့ သူမ အမေရင်းဖြစ်သူရဲ့ ပုံကိုတောင် အခု တက်တူးထိုးထားပါတယ်။

သူမရဲ့ အောင်မြင်မှုဟာ Twitter ပေါ်မှာ ၅၃၈၄၆၇၈ ကြိမ် tweet လုပ်ခံရပြီး ရုတ်ရုတ်သဲသဲဖြစ်သွားပါသေးတယ်။
ရုရှားနိုင်ငံသား အမျိုးသားတွေဟာ ကန့်ကွက်တဲ့အနေနဲ့ သူတို့ရဲ့ မုတ်ဆိတ်တွေကိုရိတ်၊ ဓာတ်ပုံရိုက်ပြီး ပို့စ် တင်ခဲ့ကြတယ်လို့ သိရပါတယ်။


Ref:dailymail.co.uk
သီဟနိုင်
Trend Myanmar
No comments:
Post a Comment