
ဓာတ်ပုံ- ကိုမျိုးမင်းဦး
ရန်ကုန်- ရန်ကုန်မြို့ ပြည်လမ်း ပြည်သူ့ရင်ပြင်ရှေ့တွင် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ကားရှစ်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။
ပြည်သူ့ရင်ပြင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးတို့ရှေ့ ပြည်လမ်းဆူးလေဘက်သို့ သွားသော လမ်းမဘက်ခြမ်းတွင် လင်ခရူဆာဆိုက်ကနက်စ်ကားက ပွိုင့်မိ၍ရပ်နေသော ကားများကို ဆက်တိုက် တိုက်မိခဲ့ခြင်းဖြစ်ပြီး ထိုကားအပါအ၀င် အိမ်စီးကားခြောက်စီး၊ အငှားကားနှစ်စီး စုစုပေါင်းရှစ်စီး ဆင့်တိုက်ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာမှ 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။
ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရှင်စောပုလမ်းနှင့် အလုံလမ်းကြား ပြည်လမ်းပိုင်းကို ၄၅ မိနစ်ခန့် ပိတ်ခဲ့ကာ ယခုအခါ လမ်းပြန်ဖွင့်လိုက်ပြီဖြစ်သည်။
ယာဉ်တိုက်မှုစတင်ဖြစ်ပွားခဲ့သော ဆိုက်ကနက်စ်ကားမောင်းသူကို ခေါ်ယူစစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ- ကိုမျိုးမင်းဦး
ဓာတ်ပုံ- နစ်ကီ
ဓာတ်ပုံ- နစ်ကီ
ဓာတ်ပုံ- နစ်ကီ
ဓာတ်ပုံ- နစ်ကီ
ဓာတ်ပုံ- နစ်ကီ
ဓာတ်ပုံ- နစ်ကီ
ဓာတ်ပုံ- နစ်ကီ
7Day Daily
No comments:
Post a Comment