Monday, June 16, 2014

နိုင်ပွဲအပြီး အသင်းသားများနှင့်အတူ သွားရောက်အောင်ပွဲခံခဲ့သည့် ဂျာမနီဝန်ကြီးချုပ်



ပေါ်တူဂီကို ဂိုးပြတ်အနိုင်ရခဲ့သည့် ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် အပြီးတွင် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ်လ်သည် ဂျာမနီလက်ရွေးစင် ဘောလုံးအသင်းနှင့်အတူ သွားရောက် အောင်ပွဲခံခဲ့သည်။

ဂျာမနီက ပေါ်တူဂီကို (၄-၀)ဖြင့် အနိုင်ရသော ပွဲစဉ်တွင် ဝန်ကြီးချုပ်သည် ဘရာဇီးမြို့သို့ ကိုယ်တိုင်ရောက်ရှိနေပြီး ပွဲကြည့်စင်မှ အားပေးနေခဲ့သည်။ ဆယ်လ်ဗာဒါတွင် ကစားသော ပွဲစဉ်၌ အနိုင်ရခဲ့သည့်နောက် ဂျာမနီသည် အုပ်စု(G)ကို ဦးဆောင်နေပြီ ဖြစ်သည်။ဖွန်တီနိုဗာ ဘောလုံးကွင်းကြီးတွင် မိမိနိုင်ငံ အသင်း၏ အောင်ပွဲကို ကိုယ်တိုင်ကိုယ်ကျ အားပေးပြီးနောက် ပွဲအပြီးတွင် မာကယ်လ်က အသင်းသားများကိုလည်း သွားရောက်နှုတ်ဆက်ခဲ့သည်။

ဂျာမနီလက်ရွေးစင် တိုက်စစ်မှူး လူးကက်စ်ပိုဒေါ့စကီးက ဝန်ကြီးချုပ်နှင့်အတူ တွဲဖက်ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံကို Twitterပေါ်တွင် လွှင့်တင်ခဲ့ပြီး “နိုင်ပွဲအပြီး ဝန်ကြီးချုပ်နဲ့ကျွန်တော်”ဟု ပုံညွှန်းစာ ရေးထိုးထားခဲ့သည်။

ထို့အပြင် ဂျာမန်ဘောလုံးအဖွဲ့ချုပ်ကလည်း အသင်းအဝတ်လဲခန်းထဲတွင် ဘောလုံးသမားများနှင့် ဝန်ကြီးချုပ်တို့ စုပေါင်းပြီး ပျော်ရွှင်စွာ ရိုက်ကူးထားသည့် အမှတ်တရ ဓာတ်ပုံကိုလည်း လွှင့်တင်ထားခဲ့သေးကြောင်း သိရှိရသည်။

_Ref; Dailymail
7Day Daily

No comments:

Post a Comment