Tuesday, July 15, 2014

သမ္မတလုပ်ပေးနိုင်တာတွေကို တင်ပြကြတာပါ



ဇူလိုင် ၁၂ ရက်နေ့က နိုင်ငံတော်သမ်္မတဦးသိန်းစိန်နှင့်ရုပ်ရှင်၊ ဂီတ၊ အနု ပညာရှင်များတွေ့ဆုံခဲ့ပါသည်။အဆိုပါတွေ့ဆုံမှု၌ နိုင်ငံတော်သမ္မတကို ရုပ်ရှင်၊သဘင်၊ ဂီတ၊ အနုပညာရှင်များက ၎င်းင်းတို့အခက်အခဲများကိုတင်ပြ ခဲ့ရာ နိုင်ငံ တော်သမ္မတကအမှန်တကယ်ဆောင်ရွက်ပေးနိုင် မပေးနိုင်အပေါ်ရုပ်ရှင်နှင့်သဘင်မှအနုပညာရှင်များ၏အမြင်များကိုစုစည်းဖော်ပြလိုက်ပါသည်။ဦးအရိုင်း (ရုပ်ရှင်နှင့်ဇာတ်သဘင်ပညာရှင်)

““ဒါကတော့ ကျွန်တော်ထင်တယ်၊ သူတို့ဝန်ကြီးဌာနတွေကို တည့်တည့် မတ်မတ်နဲ့ တကယ်ကို ထိထိရောက်ရောက် ညွှန်ကြားမှုပေးနိုင်ရင် ပိုကောင်း လိမ့်မယ်လို့ကျွန်တော့်အနေနဲ့ ထင်တယ်။ တကယ်လို့ အဲဒါမှ မပေးရင်တော့ လည်း ဒီလိုပဲ အီးရောအီးရော ဖြစ်သွားမှာပဲ၊ ဘာလို့လဲဆိုတော့ သမ္မတကြီးနဲ့ ကျွန်တော်တို့ဟာတိုက်ရိုက်တွေ့ ရတာမဟုတ်ဘူး၊ ၀န်ကြီးဌာနမှာ ရှိတဲ့ဝန်ကြီးရဲ့ လက်အောက်က ဒုဝန်ကြီး၊ ညွှန်ကြားရေးမှူးတွေနဲ့ တွေ့ကြရတဲ့အခါကျတော့ အဲဒီလူတွေအဆင့်အထိခုနပြောသလို သမ်္မတအမိန့်နဲ့ လုပ်ပေးလိုက်ပါကွာဆိုတဲ့ နေရာမှာလည်း လူတွေကိုယ်တိုင် ကျွန်တော်တို့ဖြတ်ရတဲ့အဆင့်တွေ အများကြီး ရှိတယ်။ဖြတ်ရတဲ့ အဆင့်ကလူတွေကိုယ်တိုင်က ကျွန်တော်တို့ကိုကျေကျေနပ်နပ် ၀မ်းပန်းတသာ ဖော်ဖော်ရွေရွေနဲ့ စိတ်ကောလူပါရိုးသားစွာနှစ်ပြီး ကူညီရင်တော့ကောင်းတာပေါ့””

ဦးဝင်းနိုင်(အနုပညာ) ဇာတ်သဘင်ပညာရှင်

““အဲဒါက သူ့အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ ထင်တယ်ဆိုတိုင်း လည်းပဲ ပြည်သူကဦးဝင်းနိုင်ကြီးက ထင်တယ်လို့ပြောသွားတယ်။ ဖြစ်လည်းမဖြစ်ဘူး လို့တော့အပြောမခံနိုင်ဘူး။ သူဆောင်ရွက် ပေးမယ်လို့ပြောတာကိုကြားလိုက် ရတယ်။ ဆောင်ရွက်သွားပြီးတဲ့အခါကျရင် မှန်ပါတယ်လို့ ဒီလိုဆိုရမှာကို””

နေတိုး (ရုပ်ရှင်နှင့်သရုပ်ဆောင်)

““သူပြောသွားတဲ့အထဲမှာ အကုန်လုံးကတော့ လောလောဆယ်လုပ်လို့ရတဲ့ အတိုင်းအတာ တစ်ခုနဲ့စမှာပေါ့””

ဦးချမ်းသာ (ဇာတ်သဘင်ပညာရှင်)

““အရမ်းကြီးလည်း မမျှော်လင့်ရဲပါဘူး။ သမ်္မတကြီးကိုအားလုံးက နားပူနားဆာ တိုက်ကြမှာပဲလေ၊ ကရုဏာထားတတ်တဲ့သမ်္မတကြီး မို့လို့နားထောင်ရင်းနဲ့ဒါတွေကတော့ သေချာပြီလုပ်ပေးဖို့သင့်တယ်။ တကယ်ကိုလုပ်ပေးလိမ့်မယ်လို့လည်း မျှော် လင့်တယ်။ မျှော်လင့်သလိုလည်း ဖြစ်ချင်မှဖြစ်လာမယ်။ ကျွန်တော် စိတ်ထဲမှာမတင်မကျဘဲ ပြတ်ပြတ်သားသား မယူရဲပါဘူုး။

လူမင်း(ရုပ်ရှင်နှင့်သရုပ်ဆောင်)

““အတိုင်းအတာတစ်ခုအထိ လုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ နိုင်ငံ့ အကြီးအကဲတစ်ယောက်အနေနဲ့ ဒီလိုတွေ့ဆုံတယ်ဆိုတာ ဘာမှမလုပ်ပေးနိုင်ဘဲနဲ့ တော့ကိုယ်တို့ကိုတွေ့မယ်လို့မထင်ဘူးလို့ထင်တယ်လေ””

ဦးဇာဂနာ(ဇာတ်သဘင်ပညာရှင်)

““ကျွန်တော်တို့ရုပ်ရှင်၊ သဘင်၊ ဂီတသုံးခုလုံးက လုပ်ချင်တဲ့တော်တော်များ များ အကုန်တော့မဟုတ်ဘူး။ ဒါပေမယ့် ၆၀ ရာခိုင်နှုန်းကတော့ ပြည့်သွားတယ်။ ဒါပေမဲ့ထပ်လုပ်ရဦးမယ်၊ ဒါကတစ်ဆင့်ပဲ ရှိသေးတယ်။ နောက်တစ်ဆင့်ထပ် ကြိုးစားရဦးမယ်။ ဒါကျွန်တော်တို့ဘက်ကလည်း တာဝန်ရှိတယ်။ ကျွန်တော်တို့ပြောတဲ့အပေါ်မှာလည်း မူတည်တယ်။ သူတို့ကိုစည်းရုံးဖို့လည်းလိုတယ်။ အခုကျွန်တော် တို့ ဒီလိုစည်းရုံးနိုင်ရင် ကျွန်တော်တို့ အခွင့်အလမ်း ပိုရလာမယ်။ ကိုယ့်ဟာကိုယ်လည်း အားကိုးရဦးမယ်။ သူတို့ကြီးပဲ အားကိုးလို့မရဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ သူလုပ်ပေးနိုင်တာတွေကို တင်ပြကြတာပါ။

hotnewsweekly

No comments:

Post a Comment