မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှ နေကဖေးနှင့် ဆန်းကဖေးပိုင်ရှင်ညီအစ်ကိုနှစ်ဦီးက ၎င်းကို အဓမ္မပြုကျင့်ကြောင်းပျဉ်းမနားရဲစခန်းတွင် ဇွန်လ၂၉ရက်က တိုင်ကြားခဲ့ခြင်းဖြစ်ပြီး မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)၏ စစ်ဆေးချက်အရ လိမ်လည်တိုင်ကြားခြင်းဖြစ်နေသောကြောင့် ၎င်းကိုအမှုပြန်ဖွင့်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ထိုအမှုကို စီအိုင်ဒီမှ တိုက်ရိုက်ကိုင်တွယ်နေကာ ဇူလိုင် ၂၂ ရက်တွင် ပျဉ်းမနားတရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး မည်ဖြစ်ကြောင်း နေပြည်တော်မှုခင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
လူမှုရေးပြဿနာရှိနေသည့် မိသားစုနှစ်စုမှ တစ်ဖက်နှင့်တစ်ဖက် အမှုဆင်ထောင်ချရန်ကြိုးစားရာမှ မန္တလေးမြို့တွင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးကာ ၁၄ ဦးဒဏ်ရာရရှိခဲ့သည်။
မန္တလေးပဋိပက္ခတွင်ပါဝင်သူ ၄၉ ဦးကို ထိန်းသိမ်းထားပြီး ရှစ်ဦးလွတ်မြောက်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
7Day Daily
No comments:
Post a Comment