
ကယားပြည်နယ်မှာ ကယား၊ ကယန်း၊ ကယော၊ဂေဘား၊ ယင်း တလဲ စသည့်လူမျိုးများ အများဆုံးနေထိုင်ကြသော ပြည်နယ်ကြီး တစ်ခုဖြစ်ပြီး ယခုအခါကယား ပြည်နယ်မှ ကရင်နီပြည်နယ်သို့ ပြောင်းရန်ဒေသခံအများစု သဘောတူညီကြသည်ဟု သိရ သည်။
“ပါတီတစ်ခုအနေနဲ့ရော၊ ပုဂိ္ဂုလ်အနေနဲ့ပါကရင်နီပြည်နယ် လို့ ပြန်ခေါ်မယ်ဆိုရင် သဘောတူပါတယ်။ ကယားပြည်နယ်ပဲ ဆက်ခေါ်မယ်ဆိုရင်ကယားလူ မျိုးစုတစ်ခုတည်း ဦးစားပေးတာဖြစ်သွားနိုင်တယ်။ ကယားပြည် နယ်ရဲ့မူရင်းအမည်ကလည်း ကရင်နီပြည်နယ်ပါပဲ။ ကရင်နီလို့သာ ခေါ်မယ်ဆိုရင် လူမျိုးစုတစ်ခု တည်းမဟုတ်ဘဲကယန်း၊ ကယား၊ ကယော၊ ဂေဘားစတဲ့ လူမျိုးတွေအားလုံးကိုခေါ်တာပါပဲ။ ဒါမှ ဒီ လူမျိုးတွေကငါတို့ပြည်နယ်လို့ ခံစားချက်ရှိမယ်”ဟု ကယန်းပါတီ (KNP) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခွန်ကလဲမင်းက ပြောသည်။ယခင်ဘုရင်မင်းများလက်ထက် ကပင် ၎င်းတို့ ပြည်နယ်ကို ကရင် နီပြည်နယ်ဟုပင် ခေါ်ဆိုခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း တော်လှန်ရေးကောင်စီလက်ထက်တွင် ပြောင်းလဲသွားသောပြဿနာ တစ်ခုဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကရင်နီပြည်နယ်ရဲ့အဓိပ္ပာယ် က ကယားတစ်ခုတည်းမဟုတ်ဘဲ မျိုးနွယ်စုအားလုံးပါဝင်တယ်လို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ ဆန်္ဒတွေပြင်းပြမယ်ဆိုရင် ပြင်တာကောင်းပါ လိမ့်မယ်။ ပြောင်းလဲခေါ်ဆိုဖို့ကို လည်း တိုင်းရင်းသားလွှတ်တော် ကို တင်ဖူးပါတယ်”ဟု ကယား ပြည်နယ် (NLD) ဥက္ကဋ္ဌ ဒေါ်ခင်စည်သူက ပြောသည်။
အကယ်၍ ကရင်ပြည်နယ် ဟု ပြောင်းလဲမည်ဆိုပါက ကရင် ပြည်နယ်နှင့် အနည်းငယ်ပြဿနာ ရှိလာနိုင်ကြောင်း၊ ကရင်ပြည်နယ် အနေဖြင့် ယခင်ကတည်းမှ ပင်လောင်းမြို့နယ်အထိပါ သတ်မှတ် သည့်အတွက် စိုးရိမ်စရာတစ်ခု ဖြစ်ကြောင်း၊ ထိုသို့စိုးရိမ်ခဲ့သည့် အတွက်ကြောင့်လည်း ကယန်း တော်လှန်ရေးခေါင်းဆောင် သိုင်းဘဟန်မှ ကရင်နီပြည်နယ်ဟူ၍ ခေါ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ကယန်း ပါတီ (KNP) မှ ပြောရေးဆိုခွင့် ရှိသူ ဦးခွန်ကလဲမင်းက ဆိုသည်။
ထိုသို့ ကယားပြည်နယ်မှ ကရင်နီပြည်နယ်သို့ပြောင်းခေါ်ရန် အတွက် အရပ်ဖက်အဖွဲ့များနှင့် ပါတီအချို့တို့ ဆွေးနွေးခဲ့ကြရာ တွင် သဘောတူညီမှုရရှိခဲ့သည်ဟုသိရသည်။
hotnewsweekly
No comments:
Post a Comment