
“ရှာကီယာ ဒုတိယ ကိုယ်ဝန် လွယ်ထားရပြီ ဆိုတာအမှန်ပါပဲ။ သူအခု အရမ်းလည်း ပျော်နေပါတယ်။” ဟု သူမ၏ သူငယ်ချင်း ကိုလံဘီယာ အဆိုတော် ကာလို့စ်ဗီဗက်က ဖလော်ရီဒါပြည်နယ် မီယာမီ၌ ပြုလုပ်သည့် ဆုပေးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။အသက် ၃၇နှစ်ရှိ ရှာကီယာသည် လွန်ခဲ့သော သီတင်းပတ် နှစ်ပတ်ခန့်က ဘရာဇီးလ်တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့ဖလား ပိတ်ပွဲ အခမ်းအနားတွင် ဗိုက်လှုပ် အကဖြင့် ဖျော်ဖြေခဲ့ ပြီးနောက် ၎င်းအနေဖြင့် ပြန်လည် ထင်ပေါ် ကျော်ကြား လာရန် မျှော်လင့်လျက် ရှိသည်ဟု ကောလဟလများ ထွက်ပေါ်လျက် ရှိသည်။
၎င်းတွင် အသက်၂၇နှစ်ရှိ ချစ်သူ ဂျရတ်ပီကေးနှင့် ရသည့် မီလန် အမည်ရှိ တစ်နှစ်သားအရွယ် သားတစ်ဦး ရှိထားပြီးဖြစ်သည်။
၎င်းတို့ နှစ်ဦးသည် လွန်ခဲ့သော လေးနှစ်ခန့်က တွေ့ဆုံခဲ့ကြ ခြင်းဖြစ်ပြီး ထိုစဉ်က ပီကေးသည် ရှာကီယာ၏ Waka Waka တေးသီချင်း ဗွီဒီယို ရိုက်ကူးမှုတွင် ပါဝင် သရုပ်ဆောင် ပေးခဲ့ခြင်းဖြစ်သည်။ ရှာကီယာသည် ၂ဝ၁၄ ဘရာဇီး ကမ္ဘာ့ဖလားပွဲတွင် La La La တေးသီချင်းကို ဘရာဇီး percussionist နှင့်အဆိုတော် ကာလင်ဟော့စ်ဘရောင်းနှင့် အတူ သီဆို ဖျော်ဖြေခဲ့သည်ဟု daily mail သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
mizzimaburmese
No comments:
Post a Comment