တွေ ရရှိထားတယ်လို့ သမ္မတ အိုဘားမားက ဇူလိုင်လ ၁၈ ရက်နေ့ က အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲ မှာ ပြောလိုက်ပါတယ်။

လေယာဉ်ပျက်ကျမှုမှာ အမေရိကန်နိုင်ငံသား တဦး အပါအဝင် အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ ကလေး
တွေနဲ့ ရင်ခွင်ပိုက်လူမမယ်လေးတွေပါသေဆုံး သွားကြရတဲ့အတွက် သူတို့ရဲ့ မိသားစုတွေနဲ့ ထပ်တူ အမေရိကန်ပြည်သူတွေက ဝမ်းနည်းကြေကွဲခဲ့ရပြီး စုံစမ်းစစ်ဆေးမှုတွေကိုလည်း အားလုံးက ပူးပေါင်း
ဆောင်ရွက် သွားကြဖို့ တိုက်တွန်းထားပါတယ်။
အိုဘားမားဟာ မနေ့က ယူကရိန်း၊ မလေးရှားနဲ့ နယ်သာလန်အစိုးရခေါင်းဆောင်တွေနဲ့လည်း စကားပြော ခဲ့ပြီး သေဆုံးသွားကြသူတွေရဲ့ မိသားစုတွေနဲ့ အတူ အမေရိကန်ပြည်သူတွေက ရပ်တည်နေပါတယ်လို့ ဆိုတယ်။
သမ္မတ အိုဘားမားဟာ ရုရှားသမ္မတ ပူတင်နဲ့လည်း စကားပြောပြီးပြီဖြစ်ပြီး အာရှတိုက် လေကြောင်းလိုင်း က ခရီးသည်တင် လေယာဉ်တစီး ဥရောပတိုက်မှာ ပစ်ချခံရတာ နဲ့ပတ်သက်ပြီး အဖြစ်မှန် ပေါ်ပေါက်ရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေ အားလုံးနဲ့ အတူ ရုရှားကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ လို တယ်လို့လည်း ပြောသွားတယ်။
ယူကရိန်းမှာ အကြမ်းဖက်မှုတွေ ဆက်မဖြစ်ရေးလည်း ရုရှားအပါအဝင် အားလုံးက ဆက်လုပ်သွားရမယ်လို့ အိုဘားမားက ပြော သွားပါတယ်။
အပြည့်အစုံကို အောက်ပါ ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။ ဗွီဒီယို တဝက်ကျော်နားမှာ အိုဘားမားရဲ့ သတင်းစာ ရှင်းလင်းပွဲ စတင်ပါတယ်။
အိမ့်သံစဉ်
ဧရာဝတီ
No comments:
Post a Comment