အဆင့် (၁) - Who Is On My WiFi - http://www.whoisonmywifi.com/download/download-complete/ ကို install လုပ်ပါ။
အဆင့် (၂) - Install လုပ်ပြီးသည့်နောက် app ကိုဖွင့်ပါ။ လမ်းညွှန်ချက်များအတိုင်း ပြုလုပ်ပါ။ ပထမဦးဆုံး အဆင့်တွင် network scan ပြုလုပ်ရမည် ဖြစ်သည်။

Scan လုပ်ပြီးသည့်နောက် IP လိပ်စာ စာရင်းများပေါ်လာမည်။ IP လိပ်စာတစ်ခုချင်းစီတွင် MAC address နှင့် local IP များဖြင့် ဖော်ပြထားသည်။
အဆင့် (၃) - အကယ်၍ အပေါ်တွင် ပြသထားသည့် ဓာတ်ပုံအတိုင်း ချိတ်ဆက်မှု အများအပြား ရှိပါက ချိတဆက်မှုများကို သက်ဆိုင်ရာ နာမည်ထည့်သွင်းကာ အလွယ်တကူ ခွဲခြားထားနိုင်သည်။

အဆင့် (၄) - အကယ်၍ တစ်စုံတစ်ယောက်က သင်၏ Wi-Fi ကို အခွင့်မရှိဘဲ သုံးစွဲနေပါက wireless password ကို ပြောင်းလဲသင့်သည်။
Internet Journal
No comments:
Post a Comment