
၎င်းတို့အထဲမှ ၆၀ ရာခိုင်နှုန်း ဖြစ်သည့် ၁၂၄ ယောက်သည် ရဲများ၏ ဖမ်းဆီး လမ်းညွှန်မှုကို တစ်ခါမျှ မခံ ရသေးသူများ ဖြစ်ကြသည်။ “သူတို့တွေဟာ စမတ်ဖုန်းကနေ မက်ဆေ့ခ်ျပို့ပြီး ငွေကို အလွယ်ရအောင် ကြိုး ပမ်းကြတာပဲ” ဟု ရဲများက ဆိုသည်။
အွန်လိုင်းဆိုင်ရာ စာရိတ္ထပြန်လည်ပြု ပြင်လမ်းညွှန်ရေးဟု အမည်ရသော ထိုအစီ အစဉ်ကို သာမန် လမ်းဘေး လမ်းညွှန်ဆုံးမ သည့်အစီအစဉ်နှင့် ခွဲခြားအသုံးပြုထားခြင်း ဖြစ်သည်။အဆိုပါ အစီအစဉ်တွင် ရဲများက ဖောက်သည် ဟန်ဆောင်ပြီး အွန်လိုင်းပေါ် တွင် ဖောက်သည်ရှာနေသော မိန်းကလေး များထံသွားကာ သူတို့သည် ရဲဖြစ်ကြောင်း စကားဖြင့် ဆုံးမလမ်းညွှန်မှု ပြုသည်။ ထို့ နောက် မိသားစုများထံ သတင်းပို့သည်ဟု ဆိုသည်။
ထိုအေဂျင်စီသည် ဂျပန်တစ်နိုင်ငံလုံးရှိ ခရိုင်ရဲဌာနချုပ်များ အားလုံးကို အွန်လိုင်းဆိုင်ရာ စာရိတ္တပြန်လည် ပြုပြင် လမ်းညွှန်ရေး အစီအစဉ် လုပ်ဆောင်ရန် ညွှန် ကြားထားသည်။ ရဲများကပြောဆိုရာ၌ အသက်မပြည့် သေးသူ မိန်းကလေးများ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်မခံရစေရန် ပုံမှန်လမ်းဘေး ညွှန်ကြားမှု မျိုး ဖြင့် ထိန်းချုပ်၍မရနိုင်တော့ဘဲ ထိုသို့လျို့ဝှက်အစီအစဉ် လုပ် ဆောင်ရမည်ဟု ဆိုသည်။
mizzimaburmese
No comments:
Post a Comment