Sunday, August 17, 2014

အောက်လမ်းဆရာဟု သတ်မှတ်ခံရသည့် ဂျာမနီနိုင်ငံသား ဒူဘိုင်း လေဆိပ်တွင် ပြည်ဝင်ခွင့် ငြင်းဆို ခံရ


အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီး) ၏မြို့တော် ဒူဘိုင်းလေဆိပ်တွင် အောက်လမ်း
ဆရာဟု သတ်မှတ်ခံရသည့် ဂျာမနီနိုင် ငံသားတစ်ဦးအား ပြည်ဝင်ခွင့် မပြုခဲ့ကြောင်း
သိရသည်။

အသက် ၅၃ နှစ်အရွယ် အဆိုပါ ဂျာမနီနိုင်ငံသား အိုင်တီ ပညာရှင်တစ်ဦးဖြစ်သူ ရော့ဘူချာဟောဇ် သည် ခန္ဓာကိုယ်တွင် အပေါက်အများ ဆုံးဖောက်ထားသူအဖြစ် ၂၀၁၂ ခုနှစ် ဂင်းနစ်စံချိန်မှတ်တမ်းစာ အုပ်တွင် ဖော်ပြခံခဲ့ရပြီး အပေါက် ၄၅၃ ခုဖောက်ထားသူဖြစ်သည်။
၎င်းအား ပြည်ဝင်ခွင့် ငြင်းဆိုရသည့်အကြောင်းကို လေဆိပ်ဝန်ထမ်းအရာရှိများက မဖော်ပြဘဲ တူရကီနိုင်ငံ၊ အီစတန်ဘူလေဆိပ် သို့ ပြန်မည့် လေယာဉ်ဖြင့် တင်ပေးလိုက်ကြောင်း သိရသည်။

ဘူချာဟောဇ် ယူအေအီးနိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ရရေးအတွက် ၎င်းတည်းခိုရန် စီစဉ်ထားသည့် ဟိုတယ်မှ တာဝန်ရှိသူများက ကြိုးပမ်းခဲ့သော် လည်း အောင်မြင်မှုမရရှိခဲ့ပေ။

ယူအေအီးနိုင်ငံသည် ပင်လယ်ကွေ့ရှိ ဘုရင်စနစ်နိုင်ငံများအနက် ရှေးရိုးစွဲအဆန်ဆုံး နိုင်ငံအဖြစ်သတ်မှတ်ခံထားရသည်။

ဘူချာဟောဇ်က ၎င်း၏ Twitter တွင် “ကျွန်တော်ဘာကြောင့် ဒူဘိုင်းကို ၀င်ခွင့်မရသလဲဆိုတာ နောက်ဆုံးတော့ သိသွားပါပြီ။ လေဆိပ်က လူဝန်မှုကြီးကြပ်ရေးအရာရှိတွေကို ကျွန်တော့်ကို အောက်လမ်းဆရာလို့ ထင်ကြတယ်လေ” ဟု ရေးသားထားသည်။

Ref: NDTV
Mizzima News Daily

No comments:

Post a Comment