တီဗွီရုပ်သံ အစီအစဉ်မှူး Chelsea Handler ချဲလ်ဆီးဟန်ဒလာ နှင့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် အဆိုတော် ဂျနီဖာလိုပက်ဇ်က -
"ကျွန်မ နောက်ထပ် အိမ်ထောင်ပြုအုံး၊ ကျွန်မ ဆက်ဆံပေါင်းသင်းရတာကို ကြိုက်တယ်၊ အပျက်မလို လျှောက် မနေချင်ပါဘူး။ အဲဒါမျိုး မလုပ်ဘူး၊ ကျွန်မ ဒီလို အစားထဲက မဟုတ်ဘူး"ဟု သုံးကြိမ်တိုင်တိုင် လက်ထပ်ဖူးသူ အသက် ၄၅ နှစ်အရွယ် ဂျေလိုက ပြောသည်။ယခုအခါတွင် တတိမြောက် ယောက်ျားနှင့် ကွာရှင်း ထားသူ၊ ကလေးနှစ်ယောက် မိခင် ဂျနီဖာလိုပက်ဇ်က" ဟုတ်တယ်။ ကျွန်မ လူငယ်လေး တစ်ယောက်နဲ့ တွဲနေတယ်။ ကျွန်မ နောက်ဆုံး ချစ်သူပေါ့"ဟု ၎င်းကပြောသည်။ ၎င်းက ပြောပြရာတွင် အရင်က လက်ထပ်ခဲ့သည့် နာမည်ကျော် ယောက်ျားများနှင့် ရည်းစား ချစ်သူ အများစုမှာ ၎င်းထက် အသက်ပိုကြီးသူ သို့မဟုတ် သက်တူ ရွယ်တူများသာ ဖြစ်ကြောင်း ၎င်းသည်အဓိကအားဖြင့် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ရှိသူကိုသာ စိတ်ဝင်စားကြောင်း ပြောသည်။
ယခင်က Ben Affleck, Sean Diddy Combs တို့နှင့် တွဲခဲ့ဖူးပြီး Marc Anthony နှင့် ၁ဝ နှစ် တိုင် လက်ထပ်ခဲ့ဖူးသူ ဂျနီဖာက "ကျွန်မ ကကြိုတင်စီမံကိန်းတွေ ဆွဲမထားပါဘူး။ သူ့အလိုအလျောက် ဖြစ်ဖြစ် လာကြတာပါ။ ကျွန်မ စီမံကိန်း ကောင်းကောင်း ဆွဲဖို့တော့ လိုနေပြီ ထင်တယ"်ဟု အဆိုတော် ဂျနီပါလိုပက်ဇ်က ပြောသည်။
mizzimaburmese

No comments:
Post a Comment