အထက်ပါ ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သဖြင့် မန္တလေးမြို့အတွင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ရရှိရန်နှင့် ဆူပူရုန်းရင်းဆန်ခတ်မှုများကို ထိန်းသိမ်းနိုင်ရန်အတွက် ဇူလိုင် ၃ ရက်က ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာ ဩဂုတ် ၁ ရက်အထိ ထုတ်ပြန်ထားသောအမိန့်ကို ချိုးဖောက်သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူခဲ့ရသောအမှု ၅၀၉ မှုမှ အမျိုးသား ၁၂၇၈၊ အမျိုးသမီး ၄၇ ဦး စုစုပေါင်း ၁၃၂၅ ဦးရှိကြောင်း၊ ၎င်းတို့အနက် ပညာပေး၍ ပြန်လည်စေလွှတ်သူ ၁၅၇ ဦး၊ ရဲစခန်း ခံဝန် ၂၅ ဦး၊ တရားရုံး ခံဝန် ၉၈ ဦး၊ ထောင်ဒဏ် ၇ ရက် ချမှတ်ခြင်းခံရသူ ၉၀၅ ဦး၊ ၁၅ ရက်ထောင်ဒဏ် ၈၀၊ သုံးလထောင်ဒဏ် သုံးဦး၊ ဒဏ်ငွေ ၂၀၀ ဖြင့် ၁၁ ဦး၊ တရားခံပြေး ကြေညာထားသူ လေးဦးနှင့် အရေး ယူဆောင်ရွက်ဆဲ ၄၂ ဦး စုစုပေါင်း ၁၃၂၅ ဦးတို့အား အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ မန္တလေးမြို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်ပေါ်စေသည့် လီဆယ်တိုင်တန်းမှုများ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည့် ဆူပူ အကြမ်းဖက်မှု များနှင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော တားမြစ်အမိန့်ကို ချိုးဖောက်မှုများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ ဩဂုတ် ၁ ရက်အထိ စုစုပေါင်းအမှု ၅၃၀၊ အမျိုးသား ၁၃၇၂ ဦး၊ အမျိုးသမီး ၅၂ ဦး စုစုပေါင်း ၁၄၂၄ ဦးတို့ကို အရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရ ရှိသည်။
.president-office.gov.mm
No comments:
Post a Comment