အရှေ့အလယ်ပိုင်းဒေသ၌ အစ္စလမ္မစ်အကြမ်းဖက်မှုများ ဆင်နွှဲလျက်ရှိနေသော
အစ္စလမ္မစ်နိုင်ငံတော်အဖွဲ့ဝင် ဂျီဟာ့ဆင်နွှဲနေသူများမှ တရုတ်နိုင်ငံ၊ စင်ကျန်ပြည်
နယ်ရှိ ဝီဂါဆယ်ကျော်သက် မိန်းကလေးများအား "လိင်ကျွန်" အဖြစ် ပြုစုပေးရန် သွေးဆောင်သော ဖုန်းခေါ်ဆိုမှုများ ရှိခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် တရုတ်ရဲမှ ၎င်းကိစ္စကို စုံစမ်းမှုများ ပြုလုပ်နေသည်။ဝီဂါမိန်းကလေးများထံသို့ အစ္စလမ္မစ်နိုင်ငံတော်အဖွဲ့ဝင် ဂျီဟာ့ဒ်ဆင်နွှဲသူများမှ ၎င်းတို့အား မိန်းကလေးများမှ လိင်ကျွန်အဖြစ်ပြုစုပေးရန် သွေးဆောင်သော ဖုန်းခေါ်ဆိုမှုများ ရှိခဲ့သည်ဟု အွန်လိုင်း၌ ဖော်ပြချက်များကို ကိုးကား၍ နိုင်ငံတော်သတင်းစာ၌ ဖော်ပြထားသည်။
စင်ကျန်ပြည်နယ်သည် ဒေသခံ ဝီဂါမူဆလင်များက ဟန်တရုတ်များကို ဆန့်ကျင်လျက်ရှိသော မငြိမ်မသက် ဖြစ်နေသည့်ဒေသဖြစ်သည်။ ဝီဂါအကြမ်းဖက်အဖွဲ့ အရှေ့တာကစ္စတန်အစ္စလမ္မစ်လှုပ်ရှားမှုအဖွဲ့ (ETIM) မှ တရုတ်နိုင်ငံ နေရာအနှံ့အပြား၌ အကြမ်းဖက်မှုများ လုပ်ဆောင်နေပြီး ဝီဂါလူငယ်များမှာလည်း အစ္စလမ္မစ်နိုင်ငံတော် အဖွဲ့ဝင်အဖြစ် ဆီးရီးယား၌ ဂျီဟာ့ဒ်ဆင်နွှဲနေကြသည်။
တရုတ်ဆိုရှယ်မီဒီယာ ဝေပို ၌ တင်ထားသော ပို့စ်တစ်ခု၌ စင်ကျန်ပြည်နယ်၊ အထက်တန်းကျောင်းများမှ ဝီဂါ ကျောင်းသူများမှာ ၎င်းဖုန်းခေါ်ဆိုမှုများကို လက်ခံရရှိခဲ့ကြောင်း၊ သူမတို့အား ယခုပင် စာသင်ကြားမှုကို ရပ်တန့်၍ အီရတ်သို့သွားကာ အစ္စလမ္မစ်များကို လိင်ကျွန်အဖြစ် ဖြည့်ဆည်းပေးရန် သွေးဆောင်ထားဟန်တူကြောင်း ရေးသားထားသည်။
ယင်းပို့စ်မှာ တစ်ခဏချင်းပင် အများသတိပြုခံခဲ့ရပြီး ယင်းပို့စ်ကို တနင်္လာနေ့၌ ဖျက်မပစ်ခင်အချိန်ထိ ပြန်လည်ကူးတင်မှု ၂၀၀၀ ကျော် ရှိခဲ့သည်။
စင်ကျန်အထက်တန်းကျောင်းများမှ ဝီဂါမိန်းကလေးများစွာကလည်း ယင်းသို့သော ဖုန်းခေါ်ဆိုမှုများကို သူမတို့လည်း လက်ခံရရှိခဲ့ကြောင်း ၎င်းထံသို့ ပြောပြခဲ့ကြသည်ဟူ၍ ယင်းဖုန်းခေါ်ဆိုမှုများနှင့် ပတ်သက်၍ တိတိပပသိရှိထားသူဟု ဆိုသော "စန်း" ဟူသော သူတစ်ဦးက ပြောကြားသည်။
"ကျွန်တော့်ကို မိန်းကလေးတွေက ပြောပါတယ်.... သူတို့ဆီကိုလည်း ဒီလို ဖုန်းခေါ်ဆိုမှုတွေ အများကြီး ဝင်ပါတယ် တဲ့.... သူတို့ကို အင်ဒိုနီးရှားတစ်ဆင့် ဆီးရီးယားကိုသွား အဲဒီကလတိုက်ပွဲမြေတွေမှာ ပြုစုပေးစေချင်တာပါ တဲ့.... မိန်းကလေးတွေက အနစ်နာခံပြီး ဂျီဟာ့ဒ်ဆင်နွှဲပေးစေချင်တာပါ တဲ့... ဒါပေမယ့် မိန်းကလေးတွေကတော့ ရဲကို ဒီအကြောင်း အကြောင်းမကြားခဲ့ဘူး ဆိုပါတယ်... ဘာကြောင့်လဲဆိုတော့ သူတို့တွေက မူဆလင်တွေဆိုတာ ညီအကို မောင်နှမတွေလို့ ခံယူထားလို့ပါ တဲ့ဗျာ...." ဟု စန်းက ပြောကြားခဲ့သည်။
ထိုသို့ သွေးဆောင်မှုသည် တစ်ဦးတစ်ယောက်ချင်းမှသည် အုပ်စုလိုက်သို့တိုင် ပြန့်ပွားသွားနိုင်ကြောင်းလည်း စန်းက ဆိုခဲ့သည်။
"စင်ကျန်တော်ပိုင်း၊ ကျေးလက်ဒေသတွေမှာ ဝီဂါဆယ်ကျော်သက်တွေ အများကြီး ရှိနေတယ်.... သူတို့တွေရဲ့ မိသားစု အခြေအနေတွေအရဆိုလျှင်တော့ အလွယ်တကူ သွေးဆောင်လို့ ရနိုင်တာပေါ့ဗျာ...." ဟု စန်းက ပြောကြားခဲ့သည်။
မျိုးမင်းသန့် ဘာသာပြန်ဆိုသည်

shwemyanmarmediagroup

0 comments:
Post a Comment