Tuesday, August 19, 2014

အမျိုးသမီးတွေက အမျိုးသားတစ်ယောက်ကို ကြည့်တဲ့အခါ ဘာကို အဓိက ထားကြည့်တတ်ကြသလဲ



သင် အမျိုးသမီးတွေကို ကြည့်တဲ့အခါ သူတို့ရဲ့ ရင်သားတွေ၊ တင်ပါးနဲ့ တင်ပါးဆုံတွေကို ကြည့်မိတတ်ပါတယ်။ ဒါဆို သူတို့က သင့်ရဲ့ဘယ်အရာကိုများ အဓိကထားကြည့်ကြသလဲ။ သင်ခု ဖျတ်ခနဲတွေးလိုက်တဲ့ နေရာတော့ မဟုတ်ပါဘူး။လန်ဒန်ကုမ္ပဏီ Think Eye Tracking ရဲ့ လေ့လာချက်တစ်ခုမှာ ရေချိုးဝတ်စုံနဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ဓါတ်ပုံကို ကြည့်တဲ့လူတွေရဲ့မျက်လုံးရွေ့ရှားမှုများကို လိုက်လံလေ့လာခဲ့ပါတယ်။ ယောက်ျားလေးတွေအနေနဲ့ အချိန်အများကြီး အကုန်ခံပြီး တစိမ့်စိမ့်ကြည့်တဲ့အချိန်မှာ (ဘာကို ကြည့်နေတတ်ကြတယ်ဆိုတာ ယောက်ျားလေးတွေသိကြပါတယ်) အမျိုးသမီးတွေကတော့ အဲဒီနေရာကို အချိန်ကုန်ခံပြီး မကြည့်တတ်ကြပါဘူး။ အဲဒီအစား သူတို့က အမျိုးသားတွေရဲ့ ဗိုက်ချပ်သားတွေ နောက်ပြီး သူ့ မျက်နှာ၊ ပခုံးနဲ့ လက်မောင်းကြွက်သားတွေကိုသာ အာရုံစူးစိုက်ကြည့်တတ်ကြပါတယ်တဲ့။

အမျိုးသမီးတွေဟာ သူတို့အတွက် အထောက်အပံ့ ရနိုင်တဲ့သူ၊ အကာအကွယ်ပြုနိုင်တဲ့သူတွေ ဟုတ်သလားဆိုတာကို လိုက်ကြည့်တတ်ကြပါတယ်။ သင့်လိင်အင်္ဂါကိုတော့ အဓိက မဟုတ်ပါဘူး။ ကျောက်ခေတ်အမျိုးသမီးတွေရဲ့ ဦးနှောက်စဉ်းစားဥာဏ်လိုပါပဲ။ သူတို့က ကောင်လေးတစ်ယောက်ကို သုံးသပ်ပြီဆိုရင် ဒီကောင်လေးက သစ်ပင်တွေတက်ပြီး ငါအတွက် အသီးလေးများ ခူးပေးနိုင်မလား၊ ငါ့အတွက် သားကောင်များ လိုက်ဖမ်းပေးနိုင်မှာလားဆိုတာကိုပဲ သူတို့ သိချင်နေတတ်ကြပါတယ်။

သင့် ဗိုက်သား၊ ပခုံးနဲ့ လက်မောင်းဟာ ကျွန်တော်တို့ ကျောက်ခေတ်ဘိုးဘွားတွေအတွက် အမျိုးသမီးတစ်ယောက်ကို ကာကွယ်စောင့်ရှောက်ရာမှာ အဓိက အသုံးပြုတဲ့ ကြွက်သားတွေဖြစ်နေတဲ့အတွက် သူမက သင့်ရဲ့ အဲဒီအရည်အချင်းတွေကို စိတ်ဝင်စားတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုကျွန်တော်တို့ခေတ်က အမဲလိုက်ပြီး သားကောင်တွေ လိုက်ဖမ်းတဲ့ ခေတ်မဟုတ်တော့ပေမဲ့ အမျိုးသမီးတွေက သူတို့နဲ့ ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ ယောက်ျားတွေမှာရှိတဲ့ အဲဒီအရည်အချင်းတွေကို စိတ်ဝင်စားနေကြဆဲပဲဖြစ်ပါတယ်။

သင့်မျက်နှာအမူအရာကနေတဆင့် အမျိုးသမီးတွေက ဥာဏ်ရည်ဥာဏ်သွေးနဲ့ ကြင်နာတတ်တဲ့စိတ်ကို သိရအောင်လည်း လိုက်လံကြည့်ရှုတတ်ပါတယ်။ ကဲ အခု သင်ဘာလုပ်ရမှာလဲ ဆိုတာတဲ့ အထောက်အပံ့တွေ ရသွားပြီမလား။ သင့်မှာ အဲ့ဒီအချက်အတွက်ရော ပြည့်စုံမှုရှိနေပြီလား။

Source: Menshealth
Trend Myanmar

No comments:

Post a Comment