
ဂျေလိုက သူ့ရဲ့single အခွေ Booty ကို ဖြန့်ချိလိုက်ပါပြီ။ အခွေကာဗာကိုလည်း အလန်းစားဖန်တီး ထားပါ တယ်။ ဒီပုံကိုကြည့်ရင်ဘယ်သူတွေ ဘယ်လိုယှဉ်ယှဉ် အခု ချိန်ထိ ခန္ဓာကိုယ်အလှဘုရင်မတစ်ဦးဆိုတာ မငြင်းနိုင် ပါဘူး။ အသက် ၄၅နှစ် ဖြစ်ပေမယ့်ခန္ဓာကိုယ်ထိန်းသိမ်းထားနိုင်တဲ့ လျှို့ဝှက်ချက်ကို အားလုံးက စိတ်ဝင်စား နေပါ တယ်။ဒီသီချင်းက ဂျေလိုရဲ့ AKA အယ်လ်ဘမ်ထဲက တတိယမြောက်သီချင်းပါ။ ထုံးစံအတိုင်း သူ့ရဲ့ရက်ပါ ဘော်ဒါကြီး ပစ်ဘူးလ်က ဖီးချားရင်း ကူညီသီဆိုပေးထားပါ တယ်။ကင်ကာဒစ်ရှန်နဲ့ အစ်ဂီအဇာ လီရာကို ခန္ဓာကိုယ်တောင့်တင်းလှပတဲ့နေရာမှာ ဂျေလိုရဲ့ ပြိုင်ဘက်အဖြစ် လက်ခံခဲ့ကြပေမယ့် သူတို့ထက် သာလွန်ကြောင်းကို ဂျေလိုက Booty သီချင်းနဲ့ သက်သေပြခဲ့ပါတယ်။Popular Journal
No comments:
Post a Comment