
မြန်မာနိုင်ငံတွင် မော်ဒယ်နှင့် ပတ်သက်သည့် လုပ်ငန်းများ ပိုမိုများပြား လာသည့်အပြင် ယင်းလုပ်ငန်းသည် နိုင်ငံတကာ နှင့် ရင်ဘောင်တန်း နိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့် ပညာရှင်နိုင်ငံတကာ အဆင့်မီ မော်ဒယ် အဖြစ်သာ အသက်မွေးဝမ်းကြောင်း ပြုသွားမည်ဟုသန္တာဗိုလ်က ပြောသည်။၎င်းအနေဖြင့် မော်ဒယ်လုပ်ငန်းကို ပညာရှင်တစ်ယောက်အနေဖြင့် နိုင်ငံတကာသို့ရောက်ရှိအောင် ရပ်တည် သွားမည်ဟုပြောသည်။ သန္တာဗိုသည် မော်ဒယ်ရှိုးပွဲ များလျှောက်ခြင်းနှင့်သီချင်း များသီဆိုနေခြင်းကြောင့် ဇာတ်ကား များရိုက်ကူးမှု လတ်တလောတွင် မရှိဟုပြောသည်။
" အမ်တီဗီတွေရိုက်ဖြစ်တယ်။ အခုလည်း ကိုစိန်လင်းအတွက် အမ်တီဗီ ရိုက်ပေးနေတယ်။ ပြီး ရင်ညီမရဲ့စီးရီးအမ်တီဗီကို ရိုက်မယ်။ တစ်ဝက်နီးပါးတော့ပြီးနေပြီ။ ဒီနှစ်ကုန်လောက် တော့ထွက်နိုင်အောင်ကြိုးစားနေပါတယ်။ အမ်တီဗီမှာ ကိုယ်တိုင်သရုပ်ဆောင်တာ များတယ်။" ဟုသန္တာဗိုက၎င်း၏လတ်တလောလှုပ်ရှားမှုကိုပြောသည်။
သန္တာဗိုသည် "နားလည်ပေးပါကို" စီးရီးကို ၂ဝ၁၃ ခုနှစ်တွင်ထွက်ရှိခဲ့ပြီး ၂ဝ၁ဝခုနှစ်တွင် Star & Model အေဂျင်စီတွင် မော်ဒယ် သင်တန်းတက်ပြီး မော်ဒယ်လောကသို့ ဝင်ရောက်လာသူဖြစ်သည်။
No comments:
Post a Comment