အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ်၊ ဖာဂူဆန်မြို့တွင် သြဂုတ် ၉ ရက်က လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ အပြန်အလှန် တိုက်ခိုက်ရာမှ အသက် ၁၈ နှစ်အရွယ် လူမည်းတစ်ဦး သေဆုံးသွာခဲ့ပြီးနောက် ဆူပူမှုများ ထပ်မံဖြစ်ပွားခဲ့ရာ အဆိုပါ မြို့တွင် သြဂုတ် ၁၆ ရက်က ညမထွက်ရအမိန့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။
သို့သော် လူ ၁၅၀ ခန့်က ညမထွက်ရ အမိန့်ကို လိုက်နာခြင်းမရှိခဲ့သောကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး များဖြင့် ပစ်ပေါက်ခဲ့ရသည်။ညမထွက်ရအမိန့် သတ်မှတ်ချိန်မပြည့်မီ ရာပေါင်းများစွာသော ဆန္ဒပြသူများက ရာသီဥတု ဆိုးရွားနေသော် လည်း ဖာဂူဆန်မြို့ရှိ လမ်းမကြီးပေါ်တွင် စုဝေးခဲ့ကြသည်။
ဆန္ဒပြသူအများစုက သတ်မှတ်ချိန်တွင် လူစုခွဲသွားခဲ့သော်လည်း အချို့က ညမထွက်ရအမိန့်ကို မလိုက်နာနိုင် ကြောင်း အော်ဟစ်ခဲ့ကြသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြမည်ဟု ပြောကြသော်လည်း ဆူပူအကြမ်းဖက်သူ လူတစ်စုကြောင့် ပြည်သူများကို ထိခိုက်နစ်နာမည်ကို ခွင့်မပြုနိုင်ကြောင်း ဖာဂူဆန်အုပ် ချုပ်ရေးမှူး နစ်ဆန်က ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းဖို့ လိုပါတယ်။ ကမ္ဘာ့ပေါ်က လူတွေက ကျွန်တော်တို့ ကို စောင့်ကြည့်နေ ပါတယ်။ ပြည်သူတွေရဲ့ အေးချမ်းတဲ့ ဘ၀ကို ထိခိုက်ခံမှာ မဟုတ်ပါ ဘူး” ဟု နစ်ဆန်က ပြောကြားသည်။
Ref:BBC






0 comments:
Post a Comment