
ဓာတ်ပုံ- မေမြတ်နိုးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ
ကိုရီးယားနိုင်ငံမှာ K-PoP သီချင်းအစီအစဉ် တခုကို သူနဲ့အတူ အဖွဲ့ ၀င် ၄ ဦး ဖန်တီးကြရမှာဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ ကိုယ်ပိုင်ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလို အသိပေးပြောကြားခဲ့ပါတယ်။ “ချစ်ခင်လေးစားရပါသော media ဆရာ ဆရာမများ၊ အနုပညာ ဆရာ ဆရာမများနှင့် မောင်နှမများ၊ Facebook သူငယ်ချင်းများနှင့် မြတ်နိုးရဲ့ချစ်ပရိသတ်များရှင်။ မြတ်နိုး ဒီနေ့ ညနေ ၁၁နာရီ Flight နှင့် Korea, Seoul ကို MAPI DOLLS Kpop girl group အတွက် training သွားယူပြီး အခွေလုပ် မှာ ဖြစ်ပါတယ်ရှင်။ မြတ်နိုးကို လာရောက်နှုတ်ဆက် အားပေးကြပါရှင်။ မြတ်နိုး အမိမြန်မာနိုင်ငံကြီးကို ၃ လ ခဏတာ ခွဲခွာချိန်မှာ မြတ်နိုးကို သတိရ အားပေးနေမယ်လို့ မျှော်လင့်ပါတယ်ရှင်။ မြတ်နိုး Koreaမှာ လုပ်ဆောင်မည့် အနုပညာ လုပ်ငန်းတွေကို Facebook ကနေသော်လည်းကောင်း၊ စာနယ်ဇင်း media တွေကနေ update လုပ်ပေးသွားပါမယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။” လို့ မေမြတ်နိုးက အသိပေး ရေးသားထားပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ
No comments:
Post a Comment