
မြို့တော် ဒါကာအနောက်တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာရှိ မွန်ရှီဂန်မြို့အနီးမှ ပဒမာမြစ်အတွင်း နစ်မြုပ်သွားခဲ့သည့် အဆိုပါ သင်္ဘောသည် ခရီးသည် တင်ဆောင်နိုင်သည့် ပမာဏ ထက် ပိုမိုတင်ဆောင်ခဲ့ပြီး ရေပြင်မှာလည်း လှိုင်းကြီးနေသောကြောင့် ယခုကဲ့သို့ တိမ်းမှောက် သွားခြင်းဖြစ်နိုင်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။ယခုအချိန်အထိ ခရီးသည် ၅၀ ကို ကယ်ဆယ်ထားပြီး ရဲနှင့် စစ်တပ်တို့က ကယ်ဆယ်ရေးများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Ref:AFP
Mizzima
No comments:
Post a Comment