မြန်မာ ယူ ၁၉ အမျိုးသမီးအသင်း နည်းပြချုပ် ဦးဝင်းမြင့်က “အုပ်စုပွဲ ကစားခဲ့တုန်းကလို ဂိုးအရေအတွက် မများခဲ့ပေမယ့် အသင်းရဲ့ကစားပုံကို ကျေနပ်ပါတယ်။ ကျွန်တော့် ကစားသမားတွေ အနေနဲ့ ဂိုးကွာခြားချက်အရ ဗိုလ်လုပွဲကို မတက်နိုင်ခဲ့ပေမယ့် တတိယနေရာ အတွက် အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်” လို့ဆိုပါတယ်။ မြန်မာအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု ပတ်လည်ပြိုင်ပွဲမှာ ထိုင်းအသင်းကို သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး စင်ကာပူအသင်း ကို ၁၀ ဂိုးပြတ်၊ တီမောအသင်းကို ၁၆ ဂိုးပြတ်တို့နဲ့ အနိုင်ရခဲ့ကာ ဗီယက်နမ်အသင်းကို တစ်ဂိုးစီ သရေကျ ခဲ့ပါတယ်။ ဒါပေမဲ့လည်း အမှတ်တူ ကွာခြားချက်ကြောင့် ဗီယက်နမ်အသင်းက ဗိုလ်လုပွဲ ကစားခွင့်ရပြီး မြန်မာအသင်းက တတိယနေရာအတွက် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာယူ ၁၉ အမျိုးသမီးအသင်းဟာ နိုဝင်ဘာလအတွင်းမှာ အာရှချန်ပီယံရှစ် ယူ ၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာပဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စု(D)မှာ ပါတဲ့ ထိုင်း၊ တရုတ် (တိုင်ပေ)တို့နဲ့ပါ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
The Voice Weekly

No comments:
Post a Comment