Saturday, August 9, 2014

လုံလောက်တဲ့ ရေပမာဏကို မသောက်တဲ့အခါ ခန္ဓာကိုယ်မှာဖြစ်တတ်တဲ့ အချက် (၅) ချက်



ရေဟာ ခန္ဓာကိုယ်အတွင်း အဓိက မရှိမဖြစ်လိုအပ်တဲ့ အပိုင်းမှာပါဝင်ပါတယ်။ ဒါကို ကျွန်တော်တို့သေရေးရှင်ရေး အခြေအနေလောက်မှပဲ လိုက်နာဆောက်ရွက်ကြတယ်။ ကျွန်တော်တို့ရဲ့ ချွေးထွက်ခြင်းကနေ တဆင့် ရေဓာတ်ကို အနည်းအကျဉ်း ဆုံးရှုံုးသွားကြပြီး ဆုံးရှုံးသွားတဲ့ရေဓာတ်အတွက် အစားထိုးပြန်မဖြည့်တဲ့အခါ ကျန်းမာရေးကို ထိခိုက်စေတဲ့အကျိုးဆက်ကို သတိထားသိရှိလာကြတယ်။ ဘာကြောင့်တစ်နေ့ အနည်းဆုံးရေ (၈) ခွက်လောက် သောက်သုံးသင့်တဲ့ အကြောင်းအရင်း (၅) ခုကို ကြည့်ရအောင်။(၁) ရေသောက်သုံးမှု ပမာဏကို လျော့ချခြင်းဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာအောင် လုပ်လိုက်တာနဲ့ အတူတူပါပဲ ။ တနေ့တနေ့ သောက်သုံးရမယ် ပမာဏလုံလောက်မှု မရှိဘူးဆိုရင် ကျောက်ကပ်ရောဂါ၊ ဆီးအိတ်နဲ့ အူမကြီးကင်ဆာ နဲ့ နှလုံးရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။

(၂) ရေဓာတ်ဆုံးရှုံးမှုကို ပြတဲ့ လက္ခာတွေက အမောလွယ်ခြင်း၊ အချိန်ကြာကြာအလုပ် မလုပ်နိုင်တာတွေဖြစ်လာပါလိမ့်မယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်စတင် ဆုံးရှုံးလာတဲ့အခါ ပုံမှန်အားဖြင့် လူတစ်ယောက် လန်းဆန်းတက်ကြွမှု မခံစားရတော့ပဲ အရေပြားတစ်ရှူးတွေ ရေဓာတ်အလုံအလောက်မရရှိတာ ဖြစ်ပါတယ်။ နောက်ပြီး တနေ့တာ လှုပ်ရှားဆောင်ရွက်မှုတွေမှာ အနှောက်အယှက်ဖြစ်စေတတ်ပါတယ်။

(၃) သင် လုံလောက်တဲ့ရေပမာဏကို မသောက်သုံးဘူးဆိုရင် ထုတ်လွှတ်တဲ့လုပ်ငန်းစဉ်တွက် အထောက်အကူမပေးနိုင်တော့အခါမှာ အစာအိမ်ကနေချေဖျက်ထားတဲ့ အစာတွေကို မထုတ်လုပ်ပေးတော့ဘဲ ခန္ဓာကိုယ် အလေးချိန်တိုးလာစေသည်သာမက အဆိပ်အတောက်တွေဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း မလိုအပ်တဲ့ အညစ်အကြေးများ မဖယ်ထုတ်နိုင်ခြင်းဟာ နေရထိုင်ရအဆင်မပြေတာ၊ အစာအိမ်ပုံမှန်အလုပ်မတော့ခြင်းကအစ ကျန်းမာရေးအတွက် အနှောက်အယှက် ဖြစ်စေတဲ့ အခြေခံအချက်ဖြစ်ပါတယ်။

(၄) အစာမစားမီ ရေ (၁၀) ခွက်လောက်သောက်တဲ့ သူတွေဟာ အစာစားနေစဉ် အာဟာရပမာဏ ၇၅-၉၀ ကယ်လိုရီ ( ကြက်ဥတစ်လုံး၏ ကယ်လိုရီပမာဏ - ၁၀၀ခန့် ) ရရှိပါတယ်။ သင်လုံလောက်တဲ့ရေပမာဏသောက်ပေးတဲ့အခါ ခန္ဓာကိုယ်ထဲက ဆဲလ်များနှင့် တစ်ရှူးတွေကို အစာအာဟာရကျွေးမွေးနေတာဖြစ်ပြီး ခန္ဓာကိုယ်ထဲကနေ အဆီဓာတ်ဖြစ်စေတဲ့အဆိပ်အသင့်တွေကို ဖယ်ထုတ်ပေးတဲ့ အင်ဇိုင်းစနစ်ကို သက်ဝင်လုပ်ရှားစေပါတယ်။

(၅) အရေပြားတွေတွန့်လာပြီး ရုပ်ရည်ပိုရင့်လာတယ်။ ရေဟာ အရေပြားကို နုပျိုစေပြီး အရေပြားပေါ်က အကောက်အကြောင်းနဲ့ အတွန့်အခေါက်တွေကို ပျောက်ကင်းစေပါတယ်။

Source: mensxp
Trend Myanmar

No comments:

Post a Comment