
မကွေးမြို့ မြို့တော်ခန်းမတွင် ပြုလုပ်သည့် သမဝါယမ ချေးငွေပေးအပ်ပွဲတွင် သမ္မတဦးသိန်းစိန်အား တွေ့ရစဉ်။ (ဓာတ်ပုံ- ဟိန်းထက်)
ဒီမိုကရေစီ အလေ့အကျင့်နည်းသည့် နိုင်ငံဖြစ်သောကြောင့် ခြေလှမ်းတိုင်းကိုသ တိနှင့် လှမ်းနေရသဖြင့် လုပ်ငန်းအချို့နှေးလွန်းနေ သည်ဟုလည်း သမ္မတ က ပြောသည်။နေပြည်တော်ရှိ သမ္မတအိမ်တော်အစည်းအဝေးခန်းမတွင် သုံးရက်ကြာကျင်းပခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်ပထမလေးလပတ်အစည်းအဝေးသို့ တက်ရောက် လာသည့် နေပြည်တော်ကောင်စီနှင့် တိုင်း/ပြည်နယ် အစိုးရအဖွဲ့၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့များအား သမ္မတကအထ က် ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိ သူတာဝန်ယူနေသည့် အစိုးရသက်တမ်းသုံးနှစ်ကျော်တွင်လည်း မျှော်လင့်မထားသည့် အခက်အခဲ မျိုးစုံနှင့်ကြုံတွေ့ခဲ့သလို ပြည်တွင်းပြည်ပ နိုင်ငံများ ကကဲ့ရဲ့ပြစ်တင်မှုများ ရှိနေသည်မှာလည်း အမှန်ပင်ဖြစ် သည်ဟု သမ္မတက ဆိုသည်။
သို့သော် သမ္မတက နောက်ကြောင်းပြန်မလှည့်ဘဲ ရှေ့ကိုသာသွားမည်ဟုဆိုကာ “ယုံယုံကြည်ကြည်၊ ရဲရဲ ၀ံ့ဝံ့လုပ်ကိုင်ကြရန်” ဟုလည်း အစိုးရအဖွဲ့ကို သတိေ ပးခဲ့သည်။ယခုကဲ့သို့သတိပေးခဲ့သော်လည်းသူ၏အ စိုးရ၀န်ထမ်းများတွင် လာဘ်ပေးလာဘ်ယူမှုများရှိနေဆဲဖြစ်သည့်အတွက် စိတ်ဓာတ်ကစပြီး ပြောင်းလဲရန် လိုအပ်နေပြီဟုပင် အစည်းအဝေးပထမနေ့ဖြစ်သည့် သြဂုတ် ၂၀ ရက်က ပြောဆိုထားသည်။
နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် နေထိုင်သည့် ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်ကို ဦးစားပေး လုပ်ဆောင်သွားမည်ဟု ၎င်း၏အစိုးရသက်တမ်း နှစ်နှ စ်ခွဲက ရေဒီယိုမိန့်ခွန်းတွင် ပြောဆိုထားသော်လည်း သိသာသည့် လုပ်ဆောင်ချက်မျိုး အကောင်အထည်မပေါ်သေးပေ။
မဇ္ဈိမ
No comments:
Post a Comment