
မြောက်ကိုရီးယား အာဏာရှင် ကင်မ်ဂျုံအန်းသည် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်း၏ အမာခံ ပရိသတ် တစ်ဦးဖြစ်ပြီး ယူနိုက်တက် ကစားသည့် ပွဲစဉ်များကို ထုတ်လွှင့်ပြသရန် နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနကို အမိန့်ထုတ်ထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။အသက်(၃၁)နှစ် အရွယ်ရှိ ကွန်မြူနစ် ခေါင်းဆောင်သည် မိမိရော၊ တစ်နိုင်ငံလုံးပါ ယူနိုက်တက်၏ ဘောလုံးပွဲများကို ကြည့်ရှုခွင့်ရရန် မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဟု အမိန့်ထုတ်ထားကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။
အစိုးရပိုင် ရုပ်မြင်သံကြား ဌာနသည် ကင်မ်၏ အမိန့်ကြောင့် ယူနိုက်တက်၏ ပွဲစဉ်များကို တိုက်ရိုက် ပြသနေရသလို ဘွန်းဒစ်လီဂါ ပွဲစဉ်အချို့ကိုလည်း ရွေးချယ် ပြသလေ့ ရှိကြောင်း သိရှိရသည်။ သို့သော်လည်း မူပိုင်ခွင့် ဝယ်ယူခြင်း မရှိဘဲ ယင်းကဲ့သို့ ဘောလုံးပွဲများ ပြသခြင်းသည် တရားမဝင်ကြောင်း လေ့လာသူများက မှတ်ချက်ပြုခဲ့သည်။
ကင်မ်၏ လက်ထက်တွင် အစိုးရပိုင် ရုပ်မြင်သံကြားဌာနက အားကစားအကြံပြု အစီအစဉ်များကို ပိုမို ထုတ်လွှင့်လာပြီး မြင်းစီးနည်း ပို့ချမှု၊ ဂေါက်သီးကစားမှု သင်ကြားပေးခြင်းများပါ ပြသခဲ့သော်လည်း ဘောလုံးပွဲများကို ပိုမိုဦးစားပေး ပြသနေကြောင်းလည်း သိရသည်။
ယူနိုက်တက်၏ ပွဲစဉ်များကို ပြသရန် အမိန့်ထုတ်ထားသော်လည်း ယခုရာသီတွင် အသင်းအနေဖြင့် ပြိုင်ပွဲအဆင့် ကစားသမျှ (၃)ပွဲစလုံးတွင် နိုင်ပွဲမရှိဘဲ (၂)ပွဲအရေးနိမ့်ပြီး (၁)ပွဲသရေကျထားသည့်အတွက် ကင်မ်အနေဖြင့် စိတ်ပျက်နေဖွယ် ရှိကြောင်းလည်း Mirror က ဖော်ပြသွားသည်။
_Ref: Mirro
7Day Daily
No comments:
Post a Comment