Monday, August 18, 2014

တင်ပါးလှုပ်အက၏ ကျော်ကြားလာမှုအပေါ် ဆိုက်ဘေးရီးယားသူများ ဂုဏ်ယူ

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသမှ အကြီးဆုံးဖြစ်သည့် နိုဗိုဆီဘရစ်မြို့တွင် ပြုလုပ်ခဲ့သော တင်ပါးလှုပ်အက အစီအစဉ်တစ်ခုကို You Tube တွင် တင်ခဲ့ရာ ကြည့်ရှုသူပေါင်း ၂၉ သန်းအထိ ရှိခဲ့သည်။



အဆိုပါအက ကြောင့်ပင် နိုဗိုဆီရစ်မြို့၏ Fraules (ဂရိဘာသာဖြင့် စတော်ဘယ်ရီသီးလေးများ) အက အဖွဲ့သည်လည်း ထင်ရှားလာခဲ့ပြီး အမေရိကန် အဆိုတော်နှင့်အကမယ် ဘီယွန်းစေး၊ ဂျက်နက်ဂျက်ဆင်နှင့် ဂျနီဖာလိုပက်ဇ်တို့အား အကသင်ပေးရသူ အမေရိကန်အကပညာရှင် ဒန်နီရယ်ပိုလန်ကိုပင် လာရောက်ကြည့်ရှုရသည်အထိ ကျော်ကြားခဲ့သည်။“ဒီ ဗီဒီယိုထဲက အကကြောင့် ဆိုက်ဘေးရီးယားနဲ့ စိတ်ဝင်စားတဲ့သူများလာပါတယ်” ဟု Fraules အကအဖွဲ့ထား ထူထောင်ထားသူ အသက် ၂၃ နှစ်အရွယ် ယီလီနာ ယက်ကီနာက ပြောကြားသည်။

“ကျွန်မတို့ ဆိုက်ဘေးရီးယားဒေသဟာ ဘယ်လောက်တောင် နေချင်စရာကောင်းလဲဆိုတာ လူတွေကို ပြောပြလိုပါတယ်။ ကျွန်မကိုယ် ကျွန်မ မော်စ ကိုမြို့သူ မဟုတ်ဘူး၊ နိုဗိုဆီဘရစ်မြို့သူဆိုတာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုပါတယ်” ဟု သူမက ပြောကြားသည်။

အမေရိကန်အကပညာရှင် ပိုလန်ကိုက “ဒီနေရာက အရမ်းအေးပေမယ့် လူတွေက နွေးထွေးမှုရှိပြီး ပိုမိုဖော်ရွေပါတယ်။ မော်စကိုထက် ပိုကောင်းပါတယ်” ဟု ပြောကြားသည်။

ယတ်ကီနာက သူမတို့အဖွဲ့ အနေဖြင့် လှည့်လည်ဖြေဖျော်ပွဲများ လုပ်ဆောင်ရန် ကြိုးပမ်းနေပြီး ကမ္ဘာ့ပေါ်တွင် ကျင်းပသည့် အကပြိုင်ပွဲများတွင် တတ်နိုင်သမျှ ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ပြောကြားသည်။

အဆိုပါအကအဖွဲ့သည် ၎င်းတို့အကအဖွဲ့မှ ဗီဒီယိုများကို ၀က်ဘ်ဆိုက်သို့ တင်ပြီး သင်တန်းသားများ အနေဖြင့် တင်ပါးလှုပ်အကတွင် မည်မျှအထိ တိုးတက်လာ သည်ကို ထုတ်ဖော်ပြသကြသည်။

“လူတွေရဲ့ခန္ဓာကိုယ်မှာ စွမ်းအင်တွေ၊ ကာရန်ညီပြီး လှပတဲ့ လှုပ်ရှားမှုတွေလိုပါတယ်။ ကျွန်မတို့ သင်တန်းကို ဆောင်းရာသီမှာ လာတက်မယ်ဆို ရင်တော့ ရေနွေးငွေ့နဲ့ ပေါင်းခံသလိုဖြစ်ပြီ တစ်ကိုယ်လုံး ချွေးထွက်လာပါလိမ့်မယ်” ဟု ယက်ကီနာက ပြောကြားသည်။

Ref: RT
mizzimaburmese

No comments:

Post a Comment