Telenor မှ မည်သည့် ဖုန်းကိုမဆို ခေါ်ဆိုခတစ်မိနစ်လျှင် (၂၅)ကျပ်နှုန်း ဖြင့်သာ ကောက်ခံ
သွားမည် ဖြစ်ကြောင်း Telenor Myanmarမှ သိရသည်။ လက်ရှိ မြန်မာ့ဆက်သွယ်ရေး
မှ ဖုန်းခေါ်ဆိုခ တစ်မိနစ် (၅၀) ကျပ်နှုန်းနှင့်Ooredoo မှ တစ်မိနစ် (၃၅)နှုန်းဖြင့် ကောက်ခံလျက် ရှိသည်။“ပြည်သူတွေ အတွက် အဆင်ပြေစေ နိုင်အောင် ဘယ်ဖုန်းကို ခေါ်ခေါ် (၂၅)ကျပ်ပဲ ကောက်ခံမယ်။ Simကတ်နဲ့ ငွေဖြည့်ကတ်ဒ် တွေကို နောက်လလောက်မှ တရားဝင် ထုတ်ပြန်သွားမယ်””ဟု Telenor Myanmar မှ ပြန်ကြားရေး တာဝန်ခံ ကိုစိုးသူက ပြောသည်။
Telenor မှ ဆင်းမ်ကတ်ဒ် များအား စက်တင်ဘာလတွင် 2G ၊ 3G ဆင်းမ်ကတ်ဒ် တစ်ကတ်အား (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး သွားမည်ဖြစ်ပြီး၊ ယင်း Simကတ်ဒ် များမှ မိုဘိုင်းနှင့် ဆက်စပ် ၀န်ဆောင်မှုများ ဖြစ်သည့် Video Call ၊ Voice mail ၊ အင်တာနက် စသည်တို့ကိုလည်း ထည့်သွင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
““MPT အနေနဲ့ကလည်း ဖုန်းခေါ်ဆိုခ ဈေးနှုန်းတွေ လျှော့ချဖို့ စီစဉ်နေပါပြီ။ ပြည်သူတွေ အားလုံး အဆင်ပြေစေမယ့် ဈေးနှုန်း ဖြစ်မှာပါ။ မကြာခင်တော့ အကောင်အထည်ဖော် သွားမှာပါ””ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးငွေသောင်းက ဆိုသည်။
Telenor မှ ရောင်းချမည့် Simကတ်ဒ် များမှာ 2G ကွန်ရက်ဖြစ်၍ မည်သည့် ဟန်းဆက်မဆို အသုံးပြုနိုင်မည် ဖြစ်ပြီး အဆိုပါ ဆင်းမ်ကတ်ဒ်များ စတင် ရောင်းချချိန်တွင် ဆင်းမ်ကတ်ဒ် သန်း (၃၀) ရောင်းချပေး သွားမည် ဖြစ်ကြောင်း Telenor Myanmar မှ သိရသည်။
The Messanger News Daily

0 comments:
Post a Comment