Wednesday, August 13, 2014

မိခင်တစ်ယောက်ဖြစ်ဖို့ ယောက်ျားရှိရန် မလိုဟု ကေတီပယ်ရီပြော



ကမ္ဘာကျော် အမျိုးသမီး ပေါ့ပ်အဆိုတော် တစ်ယောက်ဖြစ်တဲ့ ကေတီပယ်ရီက သူမအတွက်တော့ မိခင်ဘဝကို ခံယူဖို့ အရေးမှာ ယောက်ျားတစ်ယောက်ရှိဖို့ မလိုအပ်ဘူးလို့ ပြောကြားလိုက်ကြောင်း contactmusic.com မှာ ဖော်ပြထားပါတယ်။ Dark Horse သီချင်းတေးသံရှင် ကေတီပယ်ရီက သူမအနေနဲ့ လာမယ့် ငါးနှစ်အတွင်းမှာ မိခင်တစ်ယောက် ဘဝကို ခံယူသွားဖို့ စဉ်းစားနေကြောင်း၊ ဒါပေမဲ့ သူမ မိခင်ဖြစ်လာတဲ့ အချိန်မှာ ကလေးကို ပြုစုပျိုးထောင်ဖို့အတွက် ယောက်ျားတစ်ယောက်ရှိဖို့ လိုအပ်မှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ဟာသသရုပ်ဆောင် ရက်ဆဲဘရန်းနဲ့ ခဏတာ လက်ထပ်ခဲ့ဖူးပြီး လက်ရှိအချိန်မှာ အိမ်ထောင်ဖက်ရော၊ ရည်းစားပါ မရှိတဲ့ ကေတီပယ်ရီက “သင့်လျော်တဲ့အချိန်ကျရောက်ရင် ကလေးယူပြီး မိခင်တစ်ယောက် ဘဝကို ခံယူသွားမှာပါ။ ဒါပေမဲ့ အဲဒါက လာမယ့် ၂ နှစ်လောက် အတွင်းမှာတော့ ဖြစ်လာမှာ မဟုတ်သေးပါဘူး။ ဒါမျိုးက ငါးနှစ်လောက် စီမံကိန်းချပြီး လုပ်ရမယ့် ကိစ္စမျိုးပါ” လို့ Rolling Stone မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကေတီပယ်ရီက “ကျွန်မအတွက် ယောက်ျားတစ်ယောက် ရှိဖို့ မလိုအပ်ပါဘူး။ ဒါဟာ ၂၀၁၄ ခုနှစ်ပါ။ ကျွန်မတို့ဟာ အနာဂတ်ကာလမှာ နေထိုင်နေကြတာပါ။ ကျွန်မက ပုရိသ ဆန့်ကျင်ရေးဝါဒီတော့ မဟုတ်ပါဘူး။ အမျိုးသားတွေကို ကျွန်မ သဘောကျပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ ကျွန်မတို့အတွက် ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။ 

yatanarpon


No comments:

Post a Comment