Sunday, August 24, 2014
ဝန်ကြီးဟောင်း ဦးဆန်းဆင့် ကျန်းမာရေး ပုံမှန်ရှိကြောင်းသိရ
ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးနေစဉ် ဦးဆန်းဆင့် မေ့လဲသွားခြင်းမရှိကြောင်း တရားရုံး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။အဲ့ဒီနေ့က တရားခွင်မှာ ဦးဆန်းဆင့်က ခေါင်းမူးတယ်ဆိုပြီး တရားသူကြီးကိုပြောတဲ့အတွက် ခရိုင်တရားသူကြီးက ဆရာဝန်တွေကို ချက်ခြင်းခေါ်ယူစစ်ဆေးတဲ့အခါ သွေးဖိအားကျ ဆင်းခြင်းမရှိဘဲ ပုံမှန်အနေအထားရှိကြောင်း၊ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိကြောင်း တရားရုံးမှာ တာဝန်ကျတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
ဦးဆန်းဆင့်ရဲ့ရှေ့နေ ဦးတင်ထွန်းက သြဂုတ်လ ၂၂ ရက်နေ့က ဦးဆန်းဆင့်ဟာ တရားခွင်မှာ အသက်ရှုမဝဘဲ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတဲ့အတွက် နေပြည်တော် ကုတင် တစ်ထောင်က ဆရာဝန်တွေ ဆေးဝါးကုသပေးပြီး တရားရုံးချိန်းကို ရပ်နားလိုက်ရကြောင်း RFA ကို ပြောခဲ့ပါတယ်။
ရှေ့နေ ဦးတင်ထွန်းနဲ့ ဦးဆန်းဆင့်ရဲ့အစ်ကိုဖြစ်သူ ဦးဆန်းမြင့်တို့က ဦးဆန်းဆင့်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် အာမခံပေးဖို့ ဇူလိုင်လ ၃ဝ ရက်နေ့က ဒက္ခိဏ သီရိခရိုင်တရားရုံးမှာ တင်ပြပေမယ့် မရခဲ့တာကြောင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ ပြီးခဲ့တဲ့သြဂုတ်လ ၁၃ ရက်နေ့က အာမခံလျှောက်ထားပါတယ်။
RFA

No comments:
Post a Comment