Thursday, August 7, 2014

ဖိလစ်ပိုင်တွင် ကြွက်ဖမ်းဆီးသတ်ဖြတ်နိုင်သူကို ဆုငွေချီးမြှင့်

ဖိလစ်ပိုင်နိုင်ငံမှ မြို့တစ်မြို့တွင် ကြွက်ဖမ်းဆီးသတ်ဖြတ်နိုင်သူကို ဆုငွေပေးအပ် မည့် အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။



ဖိလစ်ပိုင်ရှိ အိုလွန်ဂက်ပိုမြို့တွင် ကြွက်တို့၏ ကျင်ငယ်ရည်တွင် ပါဝင်သော ဘက်တီးရီးယားပိုးကြောင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်တားဆီးရန်
ရည်ရွယ်၍ ထိုသို့ ဆုငွေထုတ်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အိုလွန်ဂက်ပိုမြို့ခံများ အနေဖြင့် ကြွက်အကြီးတစ်ကောင်
ဖမ်းဆီး သတ်ဖြတ်နိုင်ပါက ၁၀ ပီဆို ဆုငွေရရှိမည်ဖြစ်ပြီး အသေးတစ်ကောင်အတွက် ၅ ပီဆို ရရှိမည်ဖြစ်သည်။အိုလွန်ဂက်ပိုမြို့တွင် ကြွက်တို့၏ကျင်ငယ်ရည်တွင် ပါဝင်သော ဘက်တီးရီးယားပိုးကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုကို တိုက်ဖျက်ရန်အတွက် ကြွက်နှိမ်နင်းရေးနှင့် ဆုငွေထုတ်ပေးမှု အစီအစဉ်ကို အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း အဆိုပါမြို့၏ ကျန်းမာရေးအရာရှိက
ပြောကြားသည်။

ကြွက်များ ဖမ်းဆီးသတ်ဖြတ်နိုင်သူကို ဆုငွေပေးရန် အိုလွန်ဂက်ပိုမြို့တော်ဝန် ရိုလန် ပေါ်လင်နိုက စိတ်ကူးရခဲ့ခြင်းဖြစ်သည်။

ထိုအစီအစဉ်ကို ပြီးခဲ့သည့် သီတင်းပတ်မှ စတင်ခဲ့ပြီး မြို့ခံများက ကြွက်ကောင်ရေ ၄၄ ကောင် လာရောက်အပ်နှံကာ ဆုငွေထုတ်ယူခဲ့ကြကြောင်း
ကျန်းမာရေးအရာရှိက ပြောကြားသည်။


Ref: CNA
Mizzima

0 comments:

Post a Comment