
မျက်နှာမှ အရေးကြောင်းများ ပြုပြင်ခြင်း၊ ပါးရေတွဲနှင့် မျက်နှာအသားအရေ တင်းရင်းအောင်လုပ် ဆောင်ခြင်း၊ ရင်သားပြုပြင်ခြင်း၊ ခါးအဆီလျော့ချခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ငယ်စဉ် ကျောင်းတက်စဉ်ကပင် ကိုယ်ခန္ဓာကိုယ် ၀လွန်းသည့်အတွက် လှောင်ပြောင်ခံခဲ့ရပြီး အစာလျော့စားခြင်းစသည့် နည်းအမျိုးမျိုးဖြင့် အင်ဒီရာဘူချာ သည် ကိုယ်ခန္ဓာလှပအောင် ကြိုးပမ်းခဲ့သည်။
နောက်ဆုံးတွင် အကုန်အကျများသော်လည်း အင်ဒီရာသည် ခွဲစိတ်ပြုပြင်မှုများ လုပ်ဆောင်ရန် ဆုံး ဖြတ်ခဲ့ခြင်းပြီး ယခုအခါ ကိုယ်ခန္ဓာနှင့်ပတ်သက် ၍ ကျေနပ်မှုရှိသော်လည်း ကျန်ရှိသည့်နေရာများကို ဆက်လက်ခွဲစိတ်ပြုပြင်မှု လုပ်သွားမည်ဟု ဆိုသည်။

“ကျွန်မလုပ်တာတွေက လွန်လွန်းတယ်လို့ လူတွေက ဝေဖန်ကြပါလိမ့်မယ်။ ဒါပေမယ့် အခုလို နုပျိုသွားတာကို ကျွန်မကျေနပ်တယ်။ ဒါဟာ ကျွန်မအတွက် အရေးကြီးပါတယ်” ဟု အင်ဒီရာက ပြောသည်။
Ref:Daily Mail
Mizzima
No comments:
Post a Comment