Sunday, August 3, 2014

ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်ကို ၀န်ကြီးချုပ်အဖြစ်ခန့်အပ်ရန် အမျိုးသားဥပဒေပြု လွှတ်တော် သဘောတူ

ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာရွတ်ချိန် အိုချာအား ကြားဖြတ်အစိုးရ၀န်ကြီး ချုပ် အဖြစ်ခန့်အပ်ရန် အမျိုးသား ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီထားကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ်တွင် သြဂုတ် ၄ ရက်က ဖော်ပြခဲ့သည်။




ငြိမ်းချမ်းရေးနှင့်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအမျိုးသားကောင်စီ (NCPO) အကြီးအကဲဗိုလ်ချုပ်ကြီး ပရာရွတ်သည် ၀န်ကြီးချုပ်တစ်ဦး၏ တာ ၀န်များကို ထိထိရောက်ရောက် လုပ်ဆောင်နေပြီဖြစ်ရာ ၎င်း အနေဖြင့် ၀န်ကြီးချုပ်ရာထူးနှင့် ထိုက်တန်ကြောင်း လွှတ်တော်သတင်း ရင်းမြစ် တစ်ဦးက ပြောကြားသည်။“အမျိုးသားဥပဒေပြုလွှတ်တော်က စစ်ဘက်ကိုယ်စားလှယ်တွေအနေနဲ့ ဗိုလ်ချုပ်ကြီးပရာရွတ်ကို ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်ဖို့ အဆိုပြုသွား မှာပါ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားသည်။

ပရာရွတ်အနေဖြင့် အဆိုပြုမှုကို မကန့်ကွက်ပါက လွှတ်တော်အတွင်းမှ စစ်ဘက်ကိုယ်စားလှယ် ၂၀၀ အနက်မှ ၁၀၀ ကျော်နှင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းအား ထောက်ခံသွားဖွယ်ရှိကြောင်း သိရသည်။

အမျိုးသားဥပဒေပြုလွှတ်တော်သည် သြဂုတ် ၇ ရက်တွင် ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့ကို ရွေးချယ်တင်မြှောက်ပြီး သြဂုတ် ၈ ရက်တွင် ကြားဖြတ် အစိုးရ ၀န်ကြီးချုပ်ကို ရွေးချယ်တင်မြှောက်မည် ဖြစ်ကြောင်း သိရသည်။

Ref: Bangkok Post
Mizzima - News in Burmese

No comments:

Post a Comment