
အသက်၂၂ နှစ်အရွယ် ဆလီနာသည် ကိုယ်ရံတော်များ ခြံရံလျက် အမျိုးသမီးများ စုဝေးရာ Abbey နိုက်ကလပ်တွင် ပါတီတက်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ဂျက်စတင်ဘီဘာနှင့် အော်လန်ဒို တို့နှင့် ပတ်သက်သည့် အချစ် ဇာတ်လမ်းများမှ ဝေးဝေးနေလို ပုံပေါ်နေပြီး ကိုယ့်လမ်းကိုယ် အကောင်းဆုံး လျှောက်လှမ်းနေ သည်ဟု ယူဆရသည်။

ဆလီနာနှင့် အော်လန်ဒိုတို့ အတူတွဲ လမ်းလျှောက်နေသည့် ဓါတ်ပုံများ အွန်လိုင်းပေါ်တွင် ပေါ်လာခဲ့ပြီးနောက် ဂျက်စတင်ဘီဘာသည် ယင်းကိစ္စကို မနာလိုဖြစ်နေ ဟန်ရှိသည်ဟု သတင်းတွင် ရေးသားထားသည်။ ဆလီနာကမူ ၎င်းသည် “Pirates of the Caribbean” ရုပ်ရှင် ဇာတ်ကား၏ အဓိက သရုပ်ဆောင်မင်းသား အော်လန်ဒိုနှင့် ဒိတ်လုပ်တွဲခဲ့ဖူးခြင်း မရှိကြောင်း၊ ပြီးခဲ့သည့် နွေဦးရာသီတွင် လော့စ်အိန်ဂျလိစ်မြို့၌ လုပ်သည့် ရှိုးပွဲတွင် စကားစမြည်ပြောခဲ့ခြင်းသာ ဖြစ်သည် ဟု TMZ သတင်းဌာနကို ပြောကြားခဲ့သည်။
No comments:
Post a Comment