Wednesday, August 13, 2014

ထိုင်းအဲဝေးမှ လေယာဉ်တစ်စင်း ပြတင်းပေါက်မှန် အက်ကွဲ၍ ဘာလီကျွန်းတွင် အရေးပေါ် ဆင်းသက်ခဲ့ရ

ထိုင်းအဲဝေးလေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် TG467 ခရီးသည်တင် လေယာဉ်တစ်စင်းသည် သြဂုတ် ၁၂ ရက်က သြစတြေးလျနိုင်ငံ ဆစ် ဒနီမြို့မှ ဘန်ကောက်မြို့သို့ ပျံသန်းလာစဉ် အင်ဒိုနီး ရှားနိုင်ငံ ဘာလီကျွန်း၌ အရေးပေါ်ဆင်းသက်ခဲ့ရသည်။



ခရီးသည် ၂၇၃ ဦးနှင့် လေယာဉ်အမှုထမ်း ၂၁ ဦး လိုက်ပါလာသော ဘိုးရင်း ၇၄၇ အမျိုးအစား အဆိုပါလေယာဉ်သည် ခြောက်နာရီ ပျံသန်း လာပြီးနောက် လေယာဉ်မှူးအ ခန်းမှ ပြတင်းပေါက်မှန်တွင် အက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့သောကြောင့် ညနေ ၅ နာရီတွင် ဆင်းသက် ခဲ့ရခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် ပါလာသူများ ထိခိုက်ဒဏ်ရာမရခဲ့ကြောင်း သြဂုတ် ၁၃ ရက်တွင် သက်ဆိုင်ရာက ထုတ်ပြန်ခဲ့သည်။မှန်ပြတင်းအက်ကွဲမှုကြောင့် လေယာဉ်မှူးအခန်းအတွင်း လေဖိအားလျော့ကျသွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆင်းသက်ခဲ့ရပြီးနောက် ခရီးသည်များအား ဘာလီကျွန်းရှိ ဟိုတယ်တစ်လုံးတွင် ထားရှိခဲ့ပြီး သြဂုတ် ၁၃ ရက်နံနက်တွင် အခြားလေ ယာဉ်တစ်စင်းဖြင့် ဘန်ကောက်သို့ ပို့ဆောင် ပေးခဲ့သည်။

ယမန်နှစ် စက်တင်ဘာလအတွင်းကလည်း ထိုင်းအဲဝေးမှ လေယာဉ်တစ်စင်းသည် အဆင်းဂီယာ ချို့ယွင်းမှုကြောင့် လိုက်ပါလာသူ ၁၀ ဦးကျော် ဒဏ်ရရခဲ့သည်။ ယင်းဖြစ်စဉ်မတိုင်မီ ရက်သတ္တပတ် တစ်ပတ်ခန့်ကလည်း အဆိုပါ လေကြောင်းလိုင်းမှ A380 စူပါဂျမ် ဘို လေယာဉ်တစ်စီးသည် ဘန်ကောက်မှ ဟောင်ကောင်သို့ ပျံသန်းစဉ် လေကြောင်းရုတ်တရက် ပြောင်းလဲမှုနှင့်ကြုံတွေ့ခဲ့ ရသည်။


Ref:AFP
Mizzima

0 comments:

Post a Comment