အင်တာနက်ပေါ်မှာ ဖြန့်ဝေနေတဲ့ ရခိုင်ပြည်မှာ Ebola Virusရောဂါမျိုး အလားတူကပ်ဆိုးကြီးဖြစ်နေပါပြီ ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ မဟုတ်ကြောင်း ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန ထံ ဆက်သွယ်စုံစမ်းခဲ့ကြောင်း၊
အင်တာနက်သတင်းမှာ ဖော်ပြထားတဲ့လူနာဟာ မောင်မျိုးလင်းနိုင် အသက် (၆) နှစ်၊ ကမ်းနီရွာ ၊ မင်းပြားမြို့နယ်က ဖြစ်ကြောင်း၊ ရွာမှာ ဇူ ၂၁ ရက်နေ့က ဖျားလို့ ဆေးသောက်ခဲ့ပြီး နှစ်ရက် အကြာမှာ အနာများဖြစ်လာတဲ့အတွက် ဇူ ၂၃ ရက်နေ့မှာ မင်းပြား မြို့နယ်ဆေးရုံ ဆေးရုံ က တဆင့် စစ်တွေ ပြည်နယ်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြောင်းဦးရဲထွဋ်ဖေ့ဘွတ်စာမျက်နှာမှာဖေါ်ပြထားတယ်။ပြည်နယ်ဆေးရုံမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်များပါဝင်တဲ့ အဖွဲ့ရဲ့ စစ်ဆေးချက်အရ Ebola Virus Disease မဟုတ်ဘဲ ဆာလဖာဆေးနဲ့ မတည့်တဲ့ Stevens - Johnson Syndrome ရောဂါဖြစ်ပြီး ကလေး ကုသဆောင်မှာ ဇူ ၂၄ ရက်နေ့က စတင်ကုသပေးလျှက်ရှိပါတယ်။ သက်သာမှုရှိတယ်လို့လည်း သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အီဘိုလာရောဂါစောင့်ကြည့်ရေးလုပ်ငန်းများကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်များအတိုင်း စောင့်ကြည့်လျှက်ရှိပါ တယ်။
ဒါ့ကြောင့် အင်တာနက်ပေါ်က တဆင့် ပြည်သူများစိုးရိမ်ပူပန်မှုများဖြစ်အောင် လှုံ့ဆော်နေမှု များကို သတိပြုဖို့နဲ့ အလားတူသတင်းများကို အလွယ်တကူ ယုံကြည်ပြီး ဆက်လက် ဖြန့်ဝေ မှုများ မလုပ်ကြဖို့ မေတ္တရာရပ်ခံအပ်ပါတယ်လို့ ဦးရဲထွဋ်က သူ့ဖေ့ဘွတ်စာမျက်နှာကနေတဆင့် မေတ္တာရပ်ခံထားတာတွေ့ရပါတယ်။
No comments:
Post a Comment