
အသက် ၂၄ နှစ်အရွယ် ဒိုနီဘက်ဇတာ၏ အဆိုပါ မီးလောင်ဒဏ်ရာသည် ငါးလက်မခန့်ရှိပြီး အနာရင်းသွား ခဲ့သောကြောင့် နောက်တစ်ကြိမ်ကလေးမွေးပါက နို့မတိုက်နိုင်မည်ကို စိုးရိမ်ပူပန်လျက် ရှိသည်။ကုန်လှောင်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ဘက်ဇတာက “အဲဒီညက ကျွန်မအကျီင်္မ၀တ်ဘဲ အိပ်ခဲ့ပါတယ်။ အိပ်ရာထဲမှာ အားသွင်းထားတဲ့ ဖုန်းက ပူလာပြီး ကပ်မိသွားရာကနေ အခုလို ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်” ဟု The Sun သတင်းစာသို့ ပြောကြားခဲ့သည်။

ဆေးရုံမှ ဆရာဝန်များက သူမ၏ ဒဏ်ရာအား ပိုးသတ်ဆေးပါသည့် လိမ်းဆေးများ၊ အကိုက်အခဲ ပျောက်ဆေးများဖြင့် ကုသပေးလိုက်သည်။
“တော်တော်ကို ကြောက်စရာကောင်းပါတယ်။ တကယ်လို့ ကျွန်မသမီးလေးသာ ဖုန်းထားတဲ့ဘက်မှာ အိပ်နေမယ်ဆိုရင် သူ့မျက်နှာကို လောင်သွားမှာပါ” ဟု ဘက်ဇတာက ပြောကြားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ Apple ကုမ္ပဏီက တစ်စုံတစ်ရာ မှတ်ချက် မပေးသေးကြောင်း သိရသည်။

သြဂုတ်လအစောပိုင်းကလည်း အသက် ၁၈ အရွယ် ဂျိတ်ပါကာသည် သူ၏ iPhone 5 မှ အပူလောင် မှုကြောင့် လက်မောင်းတွင် ဒဏ်ရာရခဲ့သည်။
ဖေဖော်ဝါရီလအတွင်းကလည်း အမေရိကန်နိုင်ငံအရှေ့မြောက်ပိုင်း မိန်းပြည်နယ်မှ အသက် ၁၄ နှစ်အရွယ် ကျောင်းသူ တစ်ဦးသည် ကျောပိုးအိတ် အတွင်းထည့်ထားသည့် iPhone မီးလောင်ပြီး ခါးနှင့် ပေါင်တို့တွင် ဒဏ်ရာရခဲ့သည်။
Ref:Daily Mail
mizzimaburmese
No comments:
Post a Comment