ချစ်စံအိမ်ဇာတ်လမ်းတွဲ့ဖြင့်အောင်မြင်လာသောRainသည်“bad boy”တေးသီချင်းကြောင့်အနုပညာလောကတွင်နေရာတစ် ရာရခဲ့ပါသည်။အက်ရှင်ရုပ်ရှင်များတွင်လည်းသရုပ်ဆောင်ခဲ့ပါသည်။
သူသည်၂၀၁၃ဇန်န၀ါရီတွင်သူနဲ့ကိုးရီးယားထိတ်တန်း မင်းသမီးကင်တေးဟီးတို့ချစ်သူဖြစ်နေပြီးဆိုတဲ့အကြောင်းကိုတရား
ဝင်ကြေညာခဲ့ပါသည်။အဲဒီသတင်းအတွက်Rainရဲ့ပရိတ်သတ်တွေအပြင်၊
သူ့အေဂျင်စီCubeကပါအံ့အားသင့်ခဲ့ကြပါသည်။Rainသည်စစ်မှုထမ်းပြီး
တဲ့နောက်“Rain Effect” အယ်(လ်)ဘမ်ကိုဖြန့်ချီခဲ့ပါသည်။“Rain Effect ” အယ်လ်ဘမ်တွင်ချစ်သူကင်တေးဟီးအတွက်ရေးစပ်ထားတဲ့တေးသီချင်း
တွေပါဝင်သလားလို့မေးမြန်းတဲ့မေးခွန်းနဲ့ပတ်သတ်ပြီးပေါ့(ပ်)အဆိုတော်
အထူးတလည်ဖြေကြားခဲ့ခြင်းတွေမရှိခဲ့ပါဘူး။ဒါပေမဲ့အယ်လ်ဘမ်ထဲက“I love you”တေးသီချင်းကတော့ကင်တေးဟီးကိုရည်ညွှန်းပုံရပါတယ်။ ကင်တေးဟီသည်ခရစ်ယန်ဘာသာကိုယုံကြည်သက်ဝင်ကိုးကွယ်
သူဖြစ်ပါသည်။ ဇူလိုင်၁၀ရက်မှာဂေရိုဂျီ(Gyeonggi)မှာ ရှိသောကတ်တလစ်ကျောင်းတွင်Rainသည်ခရစ်ယန်ဘာသာကိုယုံကြည်
ကိုးကွယ်သူအဖြစ်ခံယူခဲ့ပါသည်။သူခရစ်ယန်ဘာ သာထဲကိုဝင်ရောက်တဲ့အခမ်းအနားကိုနှစ်ဖက်မိသားစုနှင့်ခင်မင်တဲ့
မိတ်ဆွေတစ်ချို့ တက်ရောက်ခဲ့ကြပါသည်။တစ်ချို့ က တော့လက်ထပ်ဖို့အတွက်ဘာသာထဲဝင်ရောက်ခဲ့တာလို့ပြောကြပါ
သည်။အဲဒီသတင်းတွေနဲ့ပတ်သတ်လို့သူ့အေဂျင်စီကငြင်းဆိုခဲ့ပါသည်။Rain သည်“Song for you ”ဇာတ်လမ်းတွင်ပါဝင်သရုပ်ဆောင်ဖို့စဉ်းစားနေပါတယ်။လက်ထပ်ခြင်း
နဲ့ပတ်သတ်လို့မေးမြန်းတဲ့အခါမှာတော့ “ကျွန်တော်အသက်လဲတဖြည်းဖြည်းနဲ့ကြီးလာပါပြီ။ကျွန်တော်ကိုယ်
တိုင်လည်းအရမ်းနောက်ကျမှလက်ထပ်ရမှာကိုမလိုလားပါဘူး။
ဒါပေမဲ့ကျွန်တော်လက်ထပ်ဖြစ်ရင်လည်းအသက်၄၀မတိုင်ခင်ပေါ့။”
သက်(ref:Kdrama stars.com)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)







0 comments:
Post a Comment