Tuesday, August 19, 2014

SSA (၀မ်ဟိုင်း) အဖွဲ့မှ ပြည်သူ့စစ် တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်

ရှမ်းပြည်နယ် ၊ ကျောက်မဲမြို့နယ် ၊ ပင်တိန် ကျေးရွာရှိ နောင်ပိန် ပြည်သူ့စစ် (ဌာနေ) အဖွဲ့မှ ဦးညွန့်ဝင်း ၏ နေအိမ်သို့ သြဂုတ်လ ၁၆ ရက် နံနက် ၁ နာရီခန့်တွင် SSA (၀မ်ဟိုင်း) အဖွဲ့မှ အရပ်ဝတ် ၀တ်ဆင် ထားသူ ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် လက်နက်ငယ် ၂ လက် ကိုင်ဆောင်၍ ရောက်ရှိလာပြီး ဦးညွန့်ဝင်း အား ခြိမ်းခြောက် ပြောဆိုကာ ကြိုးတုပ်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။အဆိုပါ ဖမ်းဆီး ခေါ်ဆောင် သွားရာ နောက်သို့ တပ်မတော် စစ်ကြောင်း များက လိုက်လံ ရှင်းလင်းလျက် ရှိကြောင်း နှင့် လားရှိုးမြို့ရှိ SSA (၀မ်ဟိုင်း) ဆက်ဆံရေးရုံး သို့ ရှမ်းပြည်နယ် အစိုးရမှ တစ်ဆင့် ကန့်ကွက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment