Tuesday, September 23, 2014
ယနေ့မှစတင်ကာ အော်ရီဒူးဖုန်းခေါ်ဆိုခများကို စက္ကန့်နှုန်းထားဖြင့်သာ ပေးဆောင်ရတော့မည်
အော် ရီဒူးဖုန်းခေါ်ဆိုမှုများကို စက်တင် ဘာ ၂၃ရက်၊ နံနက် ၆နာရီမှစ တင်ကာ စက္ကန့်လိုက်ခေါ်ဆိုခြင်းနှုန်း ထားဖြင့် ပြောင်းလဲကောက်ခံတော့ မည်ဖြစ်ကြောင်း သိရသည်။
သုံးစွဲသူပြည်သူများအနေဖြင့် ရိုးရှင်းပြီးပွင့်လင်းမြင်သာမှုရှိသော နှုန်းထားတစ်ခုဖြစ်စေရန်အတွက် ယခင်က တစ်စက္ကန့်ကျော်လွန် လျှင် စက္ကန့် ၆ဝ စာနှုန်းထားအတိုင်း ကောက်ခံနေရာမှ ယင်းကဲ့သို့ စက္ကန့် လိုက်နှုန်းထားဖြင့် ပြောင်းလဲကောက် ခံလိုက်ခြင်းဖြစ်ကြောင်း စက်တင် ဘာ ၂၂ရက်က အော်ရီဒူးမှ ထုတ် ပြန်ချက်အရသိရသည်။''ကိုယ်သုံးသလောက်ပဲကျသင့် တယ်ဆိုတာ အင်မတန်အရေး ကြီး ပါတယ်လို့ ကျွန်တ်ာတို့ရဲ့ သုံးစွဲသူ မိဘပြည်သူများ ပြောပြချက်အရ သိရပါတယ်။ ကျွန်တော်တို့ရဲ့ အသံ အရည်အသွေးမြင့်ခေါ်ဆိုမှုတွေကို ဒီအယူအဆနဲ့ ထပ်ပေါင်းခြင်းအား ဖြင့် သုံးစွဲသူမိဘပြည်သူများကို ပို မိုကောင်းမွန်တဲ့ အတွေ့အကြုံတွေ နဲ့ ပိုမိုသက်သာတဲ့ နှုန်းထားများကို ဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်ပါတယ်'' ဟု အော်၏ရီဒူး၏ အမှုဆောင် အရာရှိချုပ် Ross Cormack က ပြောကြားသည်။
မြန်မာနိုင်ငံရှိ မိုဘိုင်းဆက် သွယ်ရေးလိုင်စင်ရ ကုမ္ပဏီများမှာ အော်ရီဒူး၊ တယ်လီနော၊ မြန်မာ့ ဆက်သွယ်ရေးနှင့် ရတနာပုံတယ် လီပို့တို့ဖြစ်ကြသည်။
အော်ရီဒူးဖုန်းခေါ်ဆိုခ လက် ရှိနှုန်းထားမှာ အော်ရီဒူးအချင်းချင်း ဆက်သွယ်ပါက တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းထားဖြစ်ပြီး ယခင်က တစ် မိနစ်ထက် တစ်စက္ကန့်ကျော်လွန် လျှင် တစ်မိနစ်စာဖြတ်ခြင်းစနစ် ဖြင့် ကောက်ခံခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် အော်ရီဒူး ဖုန်းခေါ်ဆိုခကောက်ခံမှုနှင့်ပတ်သက် ၍ ပြည်သူများက ဝေဖန်ခြင်းများ ရှိနေချိန်တွင် ယခုကဲ့သို့ ပြောင်းလဲ ကောက်ခံလိုက်ခြင်းဖြစ်သည်။
Democracytoday

No comments:
Post a Comment