
လိင်ဆက်ဆံမှု မစွမ်းဆောင်နိုင်လို့ အိမ်ထောင်ဖက်နဲ့ ကွဲခဲ့ကြတယ်ဆိုတာ ကြားဖူးကြမှာပါ။ ဒါပေမဲ့ လိင်ဆက်ဆံမှု အလွန်အကျွံဖြစ်လို့ အိမ်ထောင်ကွဲရတဲ့အဖြစ်ကတော့ ကြားနေကျဖြစ်မယ် မထင်ပါဘူး။
စိတ်ကျေနပ်မှု မရရှိနိုင်တဲ့ သူ့ဇနီးရဲ့လိင်စိတ်ပြင်းပြမှုကို မလိုက်လျောပေးနိုင်တော့တာကြောင့် အမျိုးသားတစ်ဦးကို Mumbai တရားရုံးတစ်ခုက အိမ်ထောင်ကွာရှင်းခွင့် ပေးလိုက်တာတော့ အထင်အရှားပါ။The Times Of India သတင်းဖော်ချက်အရ လိင်ဆက်ဆံဖို့ စိတ်ရောကိုယ်ပါငြီးငွေ့သွားတဲ့ ခင်ပွန်းက ဇန်နဝါရီလမှာ တရားရုံးသို့သွားပြီး သူဇနီး ရန်လိုမှု၊ ခေါင်းမာမှုနဲ့ အနိုင်ယူချင်မှုတွေနဲ့ ၂၀၁၂ ဧပြီလမှာ သူတို့နှစ်ဦး လက်ထက်ကတည်းက လိင်စိတ်ကြောင့် အနှောက်အယှက်ပေးနေခဲ့ကြောင်း တရားရုံးသို့ ဖွင့်ဆိုခဲ့ပါတယ်။
သူ့မိန်းမက လိင်စိတ်နိုးကြွလာအောင် သူ့ကို ဆေးတွေအတင်းသောက်ခိုင်းပြီး သူ့မရဲ့စိတ်ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ဘူးဆိုရင် တခြားယောက်ျားတွေနဲ့ တွဲမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ အဲ့ဒီအမျိုးသားက တရားရုံးကို ပြောပြခဲ့ပါတယ်။ အခြေအနေက အတော်ဆိုးဝါးတယ်။ အစာအိမ် ပြသနာတစ်ကြောင့် အဲဒီအမျိုးသားကို ဆေးရုံတင်လိုက်ရတယ်။
ဇနီးက တရားရုံးတက်ရောက်ဖို့ ပျက်ကွက်ခဲ့လို့ နောက်ဆုံးတော့ ကွာရှင်းပေးဖို့ လက်ခံပေးလိုက်ပါတယ်။
Source: huffingtonpost
Source: huffingtonpost
Trend Myanmar
No comments:
Post a Comment