သူ့အမည်ကတော့ Claudio ဖြစ်ပါတယ်။ အသက် ၃၇ နှစ် ရှိပြီ ဖြစ်တဲ့ ဘရာဇီးနိုင်ငံသား တစ်ဦး ဖြစ်ပါတယ်။ မွေးကတည်းက ခြေလက်များ အသုံးပြုလို့ မရလောက်အောင် ချို့ယွင်းနေပြီး ခေါင်းကလည်း ပြောင်းပြန်ဖြစ်နေ ပါတယ်။ မွေးဖွားပြီး မကြာခင်မှာပဲ ဆရာဝန်က ရှင်ဖို့ ခက်ခဲနေတဲ့ ကလေးငယ်ကို သေခွင့်ပေးလိုက်ပါလို့ ဆိုပါတယ်။ ဒါကို လက်မခံနိုင်ပဲ အမေဖြစ်သူက မွေးပါတယ်။ အိမ်ပတ်ဝန်းကျင်က လူများလည်း ကျွေးမနေနဲ့ ဒီကလေး သေမှာ အစရှိသဖြင့် ပြောကြသည့်တိုင် အမေက ဆက်မွေးပါတယ်။ ယနေ့တော့ Claudio ဟာ စာရင်းကိုင်ပညာနဲ့ ဘွဲ့ရပြီး သာမန်လူတွေ အလုပ်လုပ်သလိုပဲ စာရင်းကိုင် အလုပ်ကို လုပ်နေပါတ်။ တီဗီအဖွင့်အပိတ်၊ အင်တာနက် အသုံးပြုခြင်း၊ သွားလာခြင်း အပြင် အခြားသော လူသားတို့ ပြုလုပ်တဲ့ အလုပ် အတော်များများကို ပြုလုပ်နိုင်သူ ဖြစ်ပါတယ်။ သူဟာ စာရင်းကင် အလုပ်ကို လုပ်နေရုံ မဟုတ်ပါဘူး။ ဘရာဇီးနိုင်ငံက ကိုယ်အင်္ဂါချို့ယွင်းသူများကို အားပေး ဟောပြောတဲ့ ဟောပြော ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူဟာ သာမန်လူတွေထက် ပိုသာတဲ့ လူသားတစ်ဦးတောင် ဖြစ်လို့ နေပါတယ်။
ဘရာဇီးနိုင်ငံမှာတင် မကပဲ Claudio ဟာ နိုင်ငံတကာက အထင်ကြီး လေးစားရတဲ့ လူတစ်ဦး ဖြစ်လို့ လာပါတယ်။.
Ref: metro
အောင်ခမ်း
International news for myanmar
International news for myanmar

No comments:
Post a Comment