Wednesday, September 24, 2014

အကြမ်းဖက်သမားမှန်း မသိဘဲ အင်တာဗျူးခွင့်ပေးခဲ့သည့် သြစတြေးလျ ရဲနှစ်ဦး ဓားထိုးခံရ

အကြမ်းဖက်သမားမှန်းမသိဘဲ အင်တာဗျူးခွင့်ပေးခဲ့ရာမှ ဓားဖြင့်အထိုးခံခဲ့ရသည့် ရဲနှစ်ဦးအနက် တစ်ဦး၏ ပစ်ခတ်မှုကြောင့် အဆိုပါ အကြမ်းဖက်သ မားသေဆုံး သွားကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။



သြစတြေးလျနိုင်ငံသားများကို သတ်ရန် အစ္စလာမ္မစ်စစ်သွေးကြွအုပ်စုက နှိုးဆော်မှုများ ပြုလုပ်ထားပြီး နောက်တစ်ရက်တွင် ယခုကဲ့သို့ သတ်ဖြတ်မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

အစ္စလာမ္မစ်အုပ်စု အယ်လ်ဖာကန်နှင့် ပတ်သက်နေသည့် ၁၈ နှစ်အရွယ် အဆိုပါ အမျိုးသားသည် စက်တင်ဘာ ၂၃ ရက် ချိန်းဆိုထားသော အင်တာဗျူးတစ်ခု အတွက် မဲလ်ဘုန်းမြို့စွန်ရှိ ရဲစခန်းတစ်ခု သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။၎င်းက ပူးတွဲအကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် တွေ့ဆုံစဉ် လက်ဆွဲနှုတ်ဆက်ပြီး နောက် ယူဆောင်လာသော ဓားဖြင့် ရဲနှစ်ဦးစလုံးကို ထိုးခဲ့ရာ ရဲတစ်ဦးက ၎င်းအား ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

တရားရေးဝန်ကြီး မိုက်ကယ်ကင်နန်က “ဒီလူဟာ တရားဥပဒေစိုးမိုးရေးနဲ့ ထောက်လှမ်းရေး အေဂျင်စီ တွေက အလိုရှိနေတဲ့သူတစ်ဦးပါ” ဟု ပြောကြားသည်။
ဓားဖြင့်အထိုးခံရသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် ဆေးဝါးကုသမှုခံယူထားရပြီး စိုးရိမ်စရာအခြေအနေ မရှိကြောင်း သိရသည်။

Ref:AFP
Mizzima

No comments:

Post a Comment